Tuesday, January 26, 2010

ဖတ်ခဲ့သမျှ အသစ်တွေ


နောင်တစ်ချိန်မှာ ဆိုင်ရာဆိုင်ရာထဲကို ထည့်သွင်းသွားမှာပါ။


“နွားတစ်ကောင်ရဲ့အမြီးဖြစ်ရတာထက်၊ ကြက်တစ်ကောင်ရဲ့ ဦးခေါင်းဖြစ်ရတာက ပိုကောင်းတယ်”
Acer တည်ထောင်သူ စတန်ရှီး၊Friday, 01 January 2010၊အင်တာနက်ဂျာနယ်

စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကိုကိုယ်တိုင်ရေးနေသူ များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး

"လူတစ်ယောက်သည် လူတစ်ယောက်ကို ထိုးနှက်ခွင့်မရှိသလို ရိုင်းစိုင်းစွာ ပြောဆိုခွင့်လည်း မရှိပါ. . . . "

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

Monday, January 18, 2010

ဖတ်ခဲ့သမျှ(မေတ္တာ)

တကယ်စစ်မှန်တဲ့မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက် မရှိဘူး။
(ဦးဇောတိက၊မေတ္တာတရား၊ ဒု-ကြိမ်၊နှာ-၄၆)

အချစ်ဆိုတာ ယုယကြင်နာခြင်း၊ သူ့ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခြင်း၊ အဲဒီလို ဖြည့်ဆည်းပေးရခြင်း အပေါ်မှာ သာယာကြည်နူးခြင်း။
(ဂျူး၊ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ၊နှာ-၁၅၅)

ကိုယ့်ကို မှီခိုနေအောာင်လုပ်တာဟာ သူ့ကိုချစ်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ချစ်တာ။
(ဦးဇောတိက)

သူများရဲ့ လိုအင်ဆန္ဒကို လိုက်လျောလိုက်ရတာဟာ ကိုယ့်မှာဆုံးရှုံးသွားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ မေတ္တာ၊စေတနာ၊ဂရုဏာ၊သဘောထားကြီးမှု၊မြင့်မြတ်မှုတွေကို အကောင်အထည်ဖော်လိုက်ရတာ။ သိပ်ကျေနပ်စရာပါ။
( )

ကိုယ့်ကို ချစ်တဲ့သူကို ခွဲနိုင်ပေမယ့် ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ခွဲသွားရင် ခံနိုင်ဖို့ခက်တယ်။
(နေတိုးရဲ့သူငယ်ချင်း၊ စိတ်ဓာတ်)

မိန်းကလေးတွေအပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ ပူလောင်ခြင်း။
(မင်းမော်ကွန်း၊ စနေမောင်မောင်)

မိန်းမတစ်ယောက်ရဲ့ အကြင်နာစိတ်ဟာ တစ်ခါတစ်ခါ သိပ်အံ့ဩဖို့ကောင်းတယ်။ အဲဒီ အကြင်နာကို ယောက်ျားတွေ တန်ဖိုးထားတတ်ဖို့လိုတယ်။
(ဂျူး၊ပင်လယ်နဲ့တူသော မိန်းမများ)

ကိုယ့်ကိုယ်ကို မေတ္တာထားတတ်ခြင်းဟာ အကြီးမြတ်ဆုံး မေတ္တာပါ။
(၀ှစ်တနေ ဟောက်စတန်၊သင့်ဘ၀၊မေ၊၂၀၀၀၊နှာ-၁၀၀)

မလိမ္ဘူးတဲ့ သားသမီး၊ အလိမ္မခံရဘူးတဲ့ မိဘ မရွိဘူး။ ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာပဲ ကွာတယ်။
(စိုးမိုးကြည်၊နှလုံးသားထဲကရဲတိုက်)

ငါ့ကို ပြန်ချစ်မှာလား ဆိုတဲ့ မျှော်လင့်ချက်နဲ့တော့ မလွယ်ဘူး၊ လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။
(ဦးဇောတိက)

သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကို ပေးလိုက်တာပါ။ ကိုယ့်ဘ၀ထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
(ဦးဇောတိက၊ စာစဉ်-၁၂၊ နှာ-၁၃၃)

သူ့ကြောင့် ကိုယ့်မှာ နစ်နာသွားတဲ့အခါ သည်းခံဖို့ထက် ခွင့်လွှတ်တတ်ဖို့လိုတယ်။
(အောင်စိုးမိုး)

ကိုယ်ဟာ သူများရဲ့ အဖြည့်ခံ မဟုတ်ပါ။ ကိုယ့်စိတ်ဓာတ်ကို လွတ်လပ်အောင် ကြိုးစားသူသာ ဖြစ်တယ်။
(အောင်စိုးမိုး)

တစ်ကြိမ်တစ်ခါ မိုက်မှားမိ၍ အပျိုဘ၀ ဆုံးရှုံးခဲ့ရသော မိန်းကလေးအား အပြစ်နှင့်မလိုက်အောင် ခါးခါးသီးသီး ရှုတ်ချပါက မတရား ဒါဏ်ခတ်ခြင်းမျိုးဖြစ်၍ မိမိ၏ ကြင်နာစိတ်ကင်းမဲ့မှုကို ပြရာရောက်၏။
(ဦးအေးမောင်၊စိတ်ပညာနှင့်ကိုယ်ကျင့်တရား၊နှာ-၁၄၈)

I would ask for still more,
If I had the sky with all its stars,
And the world with its endless riches;

But I would be content with the
Smallest corner of this earth
If only she were mine.

ကြယ်ပွင့်တွေနဲ့တကွ မိုးကောင်းကင်ကြီးကို
အပိုင်စားရစေဦးစေတော့
တန်ဖိုးမဖြတ်နိုင်တဲ့
စည်းစိမ်ချမ်းသာနဲ့တကွ
ကမ္ဘာကြီးကို အပိုင်စားရစေဦးတော့
(အလိုဆန္ဒမပြည့်ဝနိုင်သေးဘဲ)
ကိုယ်... ထပ်တလဲလဲ
တောင်းနေမိဦးမှာပါ ပဲ။

ဒါပေမဲ့ သူ(မ)ကိုသာပိုင်ဆိုင်ရမယ်ဆိုရင်တော့
ကမ္ဘာမြေပေါ်က အသေးငယ်ဆုံး ထောင့်ထဲမှာ(နေရမယ်ဆိုရင်တောင်)
ကိုယ်ကျေနပ်(ပျော်ရွှင်)နေမယ်ထင်ပါရဲ့။

(Robindranath Tagore)

ဖတ်ခဲ့သမျှ(အချိန်)

နေမင်းကြီးကွယ်လေပြီဟု မျက်ရည်ကျနေလျှင် ငွေကြယ်ပွင့်တို့ကို မမြင်ရဘဲ ရှိချေတော့မည်။
(ရာဗိန္ဒြာနတ် တဂိုး--------ငှက်တေလေ)

တစ်ရက်မှာ အားလပ်ချိန် -၆-နာရီလောက်ရှိရင် တဖြည်းဖြည်းနဲ့ လူဟာ ပျက်စီးလာတယ်။
(အောင်စိုးမိုး)

ဒီနေ့ လုပ်လို့ရတာ မှန်သမျှကို မနက်ဖြန်သို့ မရွှေ့ပါနဲ့။
(ဒတ်ခ်ျ ခေါင်းဆောင် ဒီဝစ်)

ကိုယ့်အသက်ကို နေ့တိုင်းရေတွက်ပါ။ ကိုယ့်နေထိုင်ပုံဟာ ကိုယ့်အသက်ထက် မငယ်ပါစေနဲ့။
(အောင်စိုးမိုး)

ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အတိတ်ကဖြစ်ရပ်ထဲမှာ ထောင်ကျမနေဘို့ လိုတယ်။
(ဦးဇောတိက)

သင်မျှော်လင့်တဲ့ အနာဂါတ်ဟာ ပစ္စုပ္ပန်ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီ ပစ္စပ္ပန်ထက် ပိုကောင်းတယ်လို့ ထင်ရတဲ့ နောက်ထပ် အနာဂါတ်တစ်ခု ရလာအုံးမှာပဲ။
(ဦးဇောတိက)

အချိန်ဆွဲတာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးပဲ။
(အောင်မြတ်ဦး၊တော်စတွိုင်း၊ ရာစုနှစ်၏ အမှတ်တရပုံရိပ်များ၊နှာ-၅၉)

အတိတ်ကို ထားခဲ့ပြီ။ အနာဂါတ်ကိုပဲ အာရုံစူးစိုက်ကြပါစို့။
(ယင်မင်းရှိန်၊မြန်မာတိုင်းမ်၊ဇူလိုင်-၁၅၊၂၀၀၅၊နှာ-၂၆)

ပျော်သလိုသာနေပါကွယ်။ အဆိုးဆုံးက လာပါလိမ့်ဦးမယ်။
Cheer up,the wrose is yet to come.
(ဖီးလန်းဒ်စ် စီ ဂျွန်ဆင်(၁၈၆၆-၁၉၃၉)

အခွင့်အရေးဆိုတာ နေထွက်လာတာနဲ့တူတယ်။ ခင်ဗျား သိပ်ကြာကြာ စောင့်နေရင် လွဲရော။
(၀ီလီယံ အာသာဝပ်)

သင်တို့အား အချိန်ကလွဲရင် ဘာမဆို ကျွန်ုပ်ပေးနိုင်တယ်။
(ခင်မျိုးချစ်၊နပိုလီယံ၊အပျင်းဖြေနည်း၊နှာ-၇၄)

ပျင်းရိခြင်းကို အောင်နိုင်သောဆေးနည်းကား မနားမနေ အလုပ်လုပ်ခြင်းတည်း။
(ခင်မျိုးချစ်၊အပျင်းဖြေနည်း၊နှာ-၁၇၇)

ဘာမှမလုပ်ပဲ နေတဲ့အချိန်လောက် မကောင်းကျိုးပေးတာ လောကမှာမရှိ။
(ခင်မျိုးချစ်၊ဒေါက်တာမာရှယ်ဟော၊အပျင်းဖြေနည်း၊နှာ-၁၇၆)

အားနေသောလက်ကို ဂြိုဟ်ဆိုးဝင်စီးတတ်သည်။
(ခင်မျိုးချစ်၊ရှေးစကားပုံ၊အပျင်းဖြေနည်း၊နှာ-၁၅၆)

အားလပ်ချိန်ယူခြင်းဟာ အလုပ်လုပ်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်၏။
(ခင်မျိုးချစ်၊အပျင်းဖြေနည်း၊နှာ-၈၁)

အလုပ်တစ်ခုကို ကောင်းမွန်စွာပြီးစီးခြင်းသာလျှင် စိတ်ချမ်းသာမှု အစစ်အမှန်ကိုပေးနိုင်၏။
(ခင်မျိုးချစ်၊ဉာဏ်ကြီးရှင်အဖွဲ့-Brain Trust၊အပျင်းဖြေနည်း၊နှာ-၇၅)

စဉ်းစားဘို့မကောင်းတဲ့ ကိစ္စလေးတွေကို ရေကြီးခွင်ကျယ်စဉ်းစားနေရင် ကိုယ့်ကိုယ်ကို နိမ့်ကျစေတယ်။
(မြသန်းတင့်၊လော့ဒ် ချက်စတာဖီးလ်ဒ်၊လူလေးသို့ ပေးစာများ၊နှာ-၂၁၁)

အသိနှင့် သတိရှိသူသည် အရွယ်၏တန်ဖိုးကို အလေးထားရာ၏။
(ကောင်းသန့်၊ကြီးပွားချမ်းသာ…၊နှာ-၆၀)

ယနေ့၏ တစ်ခဏတာ အချိန်တိုလေးများသည် မနေ့က တစ်နေ့လုံးထက် ပို၍ တန်ဖိုးရှိ၏။
(မောင်ပေါ်ထွန်း၊ဒန်နီယယ် ဒီဖိုး၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၃၅)

ကမ္ဘာလောကကြီးထဲကို တစ်ခါတည်းပဲဖြတ်လျှောက်ကြရတာ။ ဒါ့ကြောင့် အကောင်ဆုံး အပြောင်မြောက်ဆုံးဖြစ်အောင် လုပ်စမ်းပါ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၃)

ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ ဘ၀ရဲ့စိန်ခေါ်မှုတွေကို လက်မခံ ငြင်းဆန်ခဲ့မိလို့ အခွင့်အရေးမှန်သမျှလွဲရတာ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၃)

သူတစ်ပါးရဲ့ အမှားတွေက သင်ခန်စာယူပါ။ အဲဒါတွေအားလုံး ကိုယ်တိုင်မှားနေဖို့ သင့်မှာ အချိန်မရှိဘူး။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၁၅၄)

အခုလက်ရှိ ကျွန်တော် ဖြစ်နိုင်ချေရှိခဲ့ ဖြစ်လည်းဖြစ်သင့်ခဲ့တဲ့ ကျွန်တော့်ကို ကြေကွဲစွာ နှုတ်ဆက်ပါ၏။
(ဖေမြင့်၊ဖရီးဒရစ် ဟက်ဘဲလ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၁၇၄)

ဒို့မှာ အလွန်ကြီးမားတဲ့ အကြံအစည်၊ အခွင့်အရေးတွေ ရှိပါရဲ့နဲ့ မလုပ်ဝံ့ရင် တစ်ဘ၀လုံး ဆုံးရှုံးမှာပဲ။
(သက်ဆွေ၊ဆာဘီယာ၊ဓန၊မတ်-၂၀၀၁၊နှာ-၆၀)

အခု ခံစားနေရတဲ့ ခံစားမှု၊စိုးရိမ်မှု၊ကြည်နူးမှုတွေဟာ ဟိုး…အနာဂါတ်တစ်ချိန်မှာ ဘာမှမဟုတ်ပါလားလို့ တွေ့ရလိမ့်မယ်။ ဟိုးအရင်တုန်းက ခံစားခဲ့တဲ့၊စိုးရိမ်ခဲ့တဲ့၊ကြည်နူးခဲ့တဲ့
အရာတွေဟာ အခုအချိန်မှာ ဘာမှမဟုတ်ပါလားလို့ သိခဲ့ရပြီးပြီ။
(အောင်စိုးမိုး)

မိမိကိုယ် မိမိ ရှင်သန်ပျိုးထောင်ဖို့ အချိန်ကလေးမျှလောက်ကိုတော့ မဖြစ်မနေ ယူသင့်တယ်။
(ချစ်ဦးတင်၊ဖိုးဆီးလျန်၊R-D၊August၊2005၊ရနံ့သစ်၊နိုဝင်ဘာ၊၂၀၀၅၊နှာ-၆၆)

Sunday, January 10, 2010

ဖတ်ခဲ့သမျှ(မိဘ)

သားသမီး အထောက်အပံ့နဲ့ နေ နေရတဲ့ ပင်စင်စားတွေရဲ့ဘ၀ဟာ သိပ်မျက်နှာငယ်ကြပါတယ်။
(ဦးကျော်ငြိမ်း၊အင်အားဂျာနယ်နာယက)

မိဘများသည်လည်း ပုထုဇဉ်ဖြစ်၍ အမှားမကင်းနိုင်ပါ။သို့သော် မိဘ၏အမှားကို ဗွေယူတတ်သော သားသမီးကား မိုက်မဲသူသာ ဖြစ်၏။ (အောင်စိုးမိုး)

အဖေတစ်ယောက်သည် ဆရာအယောက်တရာပေါင်းထားသည်ထက် ပို၏။
(ဖေမြင့်၊ဂျောဂ်ျ ဟားဗတ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

အဖေတိုင်းရဲ့ နှလုံးသားထဲမှာ သူမွေးထားတဲ့သား ပေါက်မြောက် အောင်မြင်သွားတာကို မြင်ချင်တဲ့ ဆန္ဒတစ်ခု တိတ်တဆိတ် ကိန်းအောင်းနေတတ်စမြဲပေကိုး။
(ဖေမြင့်၊ကင်းစလေ ဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

မိဘမေတ္တာနဲ့နွေးထွေးနေတဲ့ ကလေးတစ်ယောက်ဟာ မိဘစိတ်မချမ်းမသာ ဖြစ်စေမယ့် အလုပ်မျိုးကို မလုပ်ရကောင်းမှန်း သိတယ်။
(ဖေမြင့်၊ကင်းစလေ ဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၂၄၄)

သားသမီးများက မိဘကို ကြောက်ခြင်းသည် မေတ္တာတရားမလုံလောက်ခြင်းကြောင့်။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇွန်၊၂၀၀၇၊နှာ-၁၃၄)

သားသမီးများ၏ ဒုက္ခဆင်းရဲသည် မိဘများ၏ အပြစ်တည်း။ မိဘများ စိတ်မချမ်းသာခြင်းသည် သားသမီးများ၏ ၀တ်ပျက်ခြင်းတည်း။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇန်န၀ါရီ၊၂၀၀၈၊ နှာ-၁၉၁)

ကိုယ့်မွေးသဖခင်လုပ်တဲ့သူက လူယုတ်မာဖြစ်ကြောင်း သိရတာ သိပ်ပြီးဝမ်နည်းတယ် သူငယ်ချင်း။ သားဆိုတာ မွေးသဖခင်ကို ချစ်ရုံခင်ရုံနဲ့ မပြီးဘူး။ အကျင့်ပါ ဖြူစင်တယ်…လို့ မြတ်နိုးရမှ တော်တာကိုး သူငယ်ချင်း။
(အောင်သင်း၊ရွှေဥဒေါင်း…ရတနာသိုက် ၀တ္ထုမှ၊စာပေ့ဩဇာ၊နှာ-၈၂)

သားတစ်ယောက်ကို အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တာဟာ ကိုယ်က အပိုင်စီးထားဖို့အတွက် မဟုတ်ပေဘူး။ (ဂျူး၊နံရံ၏ အခြားတစ်ဖက်)
၁။မိဘကို ကျွေးမွေးရန် ကိုယ့်မှာ စေတနာရှိခြင်း
၂။မိမိမှာ ကျွေးနိုင်သောအင်အားရှိခြင်း
၃။ကိုယ့်ကို မိဘက အားကိုးခြင်း
၎။မိဘ အသက်ရှင်လျက်ရှိခြင်း
၅။မိဘမှာ ကျန်းခန့်သာယာစွာရှိခြင်။
ဤအကြောင်းတရား ငါးပါး တပြိုင်နက်ရှိမှသာ မိဘကို လုပ်ကျွေးနိုင်၏။
(ဦးသုခ၊ကံ ကံ၏အကျိုးနှင့် ၀တ္ထုတိုများ၊နှာ-၁၈၄)

မိဘဆိုတာ သားသမီးကို ပိုပြီးချစ်လေ ပိုပြီး သဘောတူရမည့်သူ ရှားလေပဲ။
(ဦးသုခ၊ကံ ကံ၏အကျိုးနှင့် ၀တ္ထုတိုများ၊နှာ-၃၆)

မြေးသည် အဘိုးစိုက်သောအပင်မှ အသီးကိုခူး၏။
(တင်မောင်သန်း၊ကင်ဝူချွန်း(ဒေ၀ူး)၊လမ်းတိုင်းကို ရွှေခင်းထားတယ်၊နှာ-၁၆၂)

လင်ပါ၊ မယားပါ သားသမီးကို မချစ်တတ်သူသည် ဘဲဥကို ၀ပ်ပေးသော ကြက်မလောက်မှ တန်ဘိုးမရှိ။ ဘဲပေါက်စလေး ရေကူးလျှင်ပင် ကုန်ပေါ်မှ စောင့်ကြည့်နေရှာသေး၏။
(ဦးဝင်းမြင့်)

ကိုယ့်သားသမီးတွေကို ပေးနိုင်တဲ့ အမွေတွေထဲမှာ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ချင်စိတ်ကို ပေးတာဟာ အကောင်းဆုံး အမွေပဲ။
(ဦးဇောတိက)

မလိမ္ဘူးတဲ့ သားသမီး၊ အလိမ္မခံရဘူးတဲ့ မိဘ မရွိဘူး။ ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာပဲ ကွာတယ်။
(စိုးမိုးကြည်၊နှလုံးသားထဲကရဲတိုက်)

တာဝန်မကျေတဲ့ သားတစ်ယောက်အနေနဲ့တော့ ရခဲတဲ့ လူ့ဘ၀ကို အဆုံးရှုံးမခံနိုင်ဘူး။
(မင်းမော်ကွန်း၊ဖယောင်းတိုင်)

သူနဲ့ မတည့်တဲ့အစာ မစားဘူး။ အလုပ် မလုပ်ဘူး။ ဒါတွေကို ဘယ်သူမှ သင်ပေးတာ မဟုတ်ဘူး။ သူ့ အလိုလို ဖြစ်လာတာ။
(မေကဗျာ၊ဗိုက်ပူမ(သူ့ကိုယ်ဝန်နဲ့ပါတ်သတ်တဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်))

ဖတ်ခဲ့သမျှ(ဘ၀)

“နွားတစ်ကောင်ရဲ့အမြီးဖြစ်ရတာထက်၊ ကြက်တစ်ကောင်ရဲ့ ဦးခေါင်းဖြစ်ရတာက ပိုကောင်းတယ်”
Acer တည်ထောင်သူ စတန်ရှီး၊Friday, 01 January 2010၊အင်တာနက်ဂျာနယ်


"လူတစ်ယောက်သည် လူတစ်ယောက်ကို ထိုးနှက်ခွင့်မရှိသလို ရိုင်းစိုင်းစွာ ပြောဆိုခွင့်လည်း မရှိပါ. . . . "

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

လူချွန်လူကောင်းတွေဟာ သူတို့ရဲ့ ကံကြမ္မာကို ခိုင်မာအောင် မဖန်တီးနိုင်ကြဘူး။ လူကောင်းဟာ အသေစောပြီး လူဆိုးက သက်ဆိုးရှည်တယ်။
(ဒန်နီယယ် ဒီဖိုး)

မိမိဘ၀ကို မိမိသာလျှင် တည်ဆောက်နိုင်၏။
အတ္တာဟိ အတ္တနော နာထော။
(ဗုဒ္ဓ)

လူ့ဘ၀မှာ အထစ်အငေါ့လေးတွေ ရှိမှဖြစ်မယ်။ အဲဒီအထစ်ကလေးတွေကို ကျော်လွှားပြီး တက်လိုက်မှ အပေါ်ကိုရောက်မယ်။ ကျော်လွှားစရာ အထစ်မရှိရင် တပြေးတည်းဆိုရင် မတိုးတက်နိုင်ဘူး။
(အောင်စိုးမိုး)

အငုတ်ကြီးမှ အတတ်ပေါက်သန်တာ။
(သောင်းအေး)

ကိုယ့်အသက်ကို နေ့တိုင်းရေတွက်ပါ။ ကိုယ့်နေထိုင်ပုံဟာ ကိုယ့်အသက်ထက် မငယ်ပါစေနဲ့။
(အောင်စိုးမိုး)

ငါဟာ မြင့်မြတ်တဲ့ လူသားတစ်ယောက်ပါ။ အဲဒီဘ၀ကို တန်ဘိုးထားပါ။
(ဦးဇောတိက)

သေခါနီးလို့ ကိုယ့်ဘ၀အကြောင်း ပြန်စဉ်းစားတဲ့အခါ ကျေနပ်နိုင်အောင် ကြိုးစားပါ။ ဒါ ကြိုတင် ပြင်ဆင်ထားမှ ဖြစ်တဲ့အရာတစ်ခုပါ။
(အောင်စိုးမိုး)

ဘ၀မှာ တိုးတက်မှုမရှိရင် ဆုတ်ယုတ်နေတယ်။ တန့်မနေဘူး။
(ဦးဇောတိက)

ဘ၀တစ်ခုလုံးတော့ ပိုက်ဆံရှာဘို့ချည်း မပေးနိုင်ဘူး။
(ဦးဇောတိက)

ကိုယ့်ဘ၀ ဘယ်လောက်အောင်မြင်သလဲ ဆိုတာကို ကိုယ်ဘယ်လောက်များများရသလဲ ဆိုတာနဲ့ မတိုင်းတာပဲ ကိုယ်ဘယ်လောက်များများ ပြန်ပေးလဲလို့တိုင်းတာရင် ပိုကောင်းမယ်။
(ဦးဇောတိက)

ကိုယ်ရထားတဲ့ဘ၀ကို ကိုယ်သိပ်ပြီးသွားချင်နေတဲ့ မိတ်ဆုံစားပွဲတစ်ခုလို သဘောထားပါ။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတယ်…လို့ယူဆပါ။
(ဦးဇောတိက)

လူ့ဘ၀ဟာ ချောက်ကမ္ဘားကြီးတစ်ခုပါ။ ရှိသမျှ အင်အားကို အကုန်ထုတ်၊ အဝေးက အရှိန်ယူ၊ အရေးကြီးတဲ့နေရာရောက်ရင် ရှိသမျှ အင်အားတွေ အကုန်ထုတ်ပြီးတော့ ကျော်လွှားလိုက်။ နဲနဲလေးလျှော့ပြီးတော့ ခုန်လိုက်ရင် ချောက်ထဲကျသွားမယ်။
(ဦးဇောတိက)

လောကကြီးက ကိုယ်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်နေတာမှမဟုတ်တာ။ သူ့ဟာသူ ဖြစ်ချင်တာဖြစ်နေတဲ့လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်ကမွေးလာရတာ။ ဒါကို နားလည်ပြီး (Adapt) ညှိနှိုင်းပြီး နေသွာရမှာ။
(ဦးဇောတိက)

ဘ၀မှာ ဂုဏ်ထက် သိက္ခာက ပိုပြီးအရေးကြီးတယ်။
(စိုးမိုးကြည်၊အာဠာဝကချစ်စိန်)

ပညာကို ဘာလို့သင်ရတာလဲ။ ဘာသာတရားကို ဘာလို့ကိုးကွယ်ရတာလဲ…လို့ မေးရင် ပိုးပြီးတော့ အဆင့်မြင့်သော လူသားတစ်ဦး ဖြစ်ဖို့ ပိုပြီးတော့ ဘ၀ကိုနေရဖို့ ပညာသင်ရတာ။
(ဦးဇောတိက၊စာစဉ်-၁၈၊နှာ-၆၀)

သေချာတဲ့ ဘ၀ဟာ သေနေတဲ့ ဘ၀ပဲ။
(ဦးဇောတိက၊တစိမ့်စိမ့်တွေးမယ်၊နှာ-၇)

ဘ၀အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာ ကုန်သွားတယ်။
(ဦးဇောတိက၊တစိမ့်စိမ့်တွေးမယ်၊နှာ-၇)

တကယ့်ဘ၀ဆိုတာ ဒဏ္ဍာရီတစ်ခုလိုတော့ အပြစ်ကင်းစင်စွာ ပြီးပြည့်စုံနိုင်လိမ့်မည် မထင်ပါ။
(ဂျူး၊ပင်လယ်နဲ့တူသော မိန်းမများ)

ဘ၀မြင့်သူအပေါ်မှာ ဘ၀င်မြင့်ရင် ဘ၀နိမ့်သွားမယ်။
(အရှင်ဆန္ဒာဓိက၊မချစ်တတ်မမုန်းတတ်သောသူ၊နှာ-၁၅၆)

ကျားသေရင် သားရေကျန်ရမည်။ လူသေရင် နာမည်ချန်ရမည်။
(မင်းဆွေ၊နိပွန်စကားပုံ၊နာမည်၊စ-ကြိမ်၊နှာ-၁၂၃)

ဂျပန်ပြည် အိုဆာကာ ရဲတိုက်ကြီးကို ၀ိုင်းပြီးတိုက်မယ်လုပ်တော့ “အိုင်ရေရာဆု” ဆိုတဲ့ (၁၄)နှစ်သားလေးက သူ့ကို တပ်ဦးကထားရန် အကြီးအကဲတွေကို ခွင့်တောင်းတယ်။ ငယ်လွန်းလို့ ပယ်ချခံရတယ်။ သူတို့တပ် အိုဆာကာ ရဲတိုက်ကြီးကို အောင်မြင်စွာ တိုက်နိုင်ပေမယ့် “အိုင်ရေရာဆု”ကတော့ ငိုတယ်။ အမတ်ကြီးက “စိတ်မဆင်းရဲပါနဲ့ အမောင် ၊ ရှေ့ဆက်ပြီး မင်းလုပ်နိုင် ကြံနိုင်တဲ့ တာဝန်တွေ အများကြီးရှိပါတယ်”…လို့ နှစ်သိမ့်တော့ ”အိုင်ရေရာဆု”က ဘာပြောတယ်ထင်လဲ။ “အမတ်ကြီး သင်အကျိုးမဲ့ စကားကို ပြောလှာသည်။ ကျွန်ုပ်သည် ဘယ်သောအခါမှ (၁၄)နှစ် အရွယ်ကို ပြန်ရလိမ့်မည်မဟုတ်”…တဲ့။…….????????
(မင်းဆွေ၊နာမည်၊စ-ကြိမ်၊နှာ-၁၁၂)

သားသမီးအထောက်အပံ့နဲ့နေရတဲ့ ပင်စင်စားတွေရဲ့ ဘ၀ဟာ သိပ်မျက်နှာငယ်ကြပါတယ်။
(ဦးကျော်ငြိမ်း၊အင်အားဂျာနယ်နာယက)

ဘ၀ဆိုသည်မှာ ဖြစ်ရပ်များ(History)နှင့် အဆင့်အတန်း သတ်မှတ်ပြီး အကျိုရလာဒ် (Results) များဖြင့်သာ တန်ဖိုးဖြတ်ခြင်း ဖြစ်ပါသည်။
(နေထွဋ်၊Micro-I၊နှာ-၁၂)

ဘ၀၏ အမြင့်ဆုံးပန်တိုင်သည် ပေးဆပ်ခြင်း။
(နေထွဋ်၊အက်ဒလာ၊Micro-I၊နှာ-၂၆)

လူတစ်ယောက်သည် ပြင်ပအကူအညီအားလုံးကင်းရှင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှသာလျှင် စွမ်းအားရှိသူ၊အောင်မြင်သောသူဟု ကျွန်ုပ်ယူဆ၏။ (မောင်ပေါ်ထွန်း၊အီမာဆင်၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၁၃)
လူ့သမိုင်းဆိုသည်မှာ အောင်မြင်ကြီးကြယ်သောသူတို့၏ အတ္ထုပ္ပတ္တိသာ ဖြစ်၏။
(မောင်ပေါ်ထွန်း၊သောမတ်စ် ကာလိုင်း၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၄၀)

ကမ္ဘာလောကကြီးထဲကို တစ်ခါတည်းဖြတ်လျှောက်ကြရတာ။ ဒါ့ကြောင့် အကောင်းဆုံး အပြောင်မြောက်ဆုံးဖြစ်အောင် လုပ်စမ်းပါ။ (ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမည့်ပုဂ္ဂိုလ်၊နှာ-၃)

ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ ဘ၀ရဲ့ စိန်ခေါ်စမ်းသပ်မှုတွေကို လက်မခံ ငြင်းဆန်ခဲ့မိလို့ အခွင့်မရေးမှန်သမျှ လွဲခဲ့ရတာ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမည့်ပုဂ္ဂိုလ်၊နှာ-၃)

ကမ္ဘာကျော် တော်တော်များများဟာ ကိုယ့်ထက် အသက်ငယ်ကြတယ်။(၀ိန်း ရူနီ၊c-ရိုနာဒို၊ ဖာဘရီဂတ်၊မာရီယာ ရှာရာပိုဗာ၊အိုင်ဗန်နိုဗစ်……)
ဘီလ်ဂိတ်--------------အသက်-၂၀-----မိုက်ခရိုဆော့ဖ် တည်ထောင်
ချားလ် ဒါဝင်-----------အသက်-၂၂-----ဆီးဂဲလ် နဲ့ ကမ္ဘာပတ်
နယုတန်---------------အသက်-၂၃-----သင်္ချာပညာရပ်နဲ့ပါတ်သတ်ပြီး
အင်တီဂရယ်ကဲကုလကိုတီထွင်
အလက်ဇန္ဒား ဿဂရိတ်-------၂၀------ထီးနန်းဆက်ခံ
------၂၄-------ဖာရိုးဘုရင်ဘွဲ့ခံယူ---နတ်ဘုရားတစ်ဆူဟုကြေငြာ
အယ်ဒီဆင်-----------အသက်-၂၁------မဲရေစက် တီထွင်
မာကိုနီ---------------အသက်-၂၁------ကြေးနန်ရိုက် ကိရိယာ တီထွင်
ဖရန်စစ် ဘေကွန်----အသက်-၂၃------ပြည်သူ့လွှတ်တော်မှာ ရွေးချယ်ခံရ
အဲန် ရီကို မာဖီ-------အသက်-၂၁------ပီဆာတက္ကသိုလ်မှ ရူပဗေဒပါမောက္ခဘွဲ့ရ
( )

အသက်ထင်ရှားရှိစဉ် လူအများအတွက် အကျိုးပြုခဲ့လျှင် ကွယ်လွန်ပြီးနောက် လူအများ၏ရိုသေ ကြည်ညိုခြင်းကိုခံရ၏။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇွန်၊၂၀၀၇၊နှာ-၁၃၂)

ဆွတ်ဆွတ်ဖြူဘ၀ကို စိတ်ကူးယဉ်ခဲ့ကြပေမယ့် တကယ်ရလာတဲ့ဘ၀ကတော့ ဖြူညစ်ညစ်ကလေးပါလား။
(ဉာဏ်မောင်၊အတွေးအမြင်၊စာစဉ်-၁၈၁၊ဧပြီ၊၂၀၀၇၊နှာ-၁၅၆)

မိမိကိုယ် မိမိ ရှင်သန်ပျိုးထောင်ဖို့ အချိန်ကလေးမျှလောက်ကိုတော့ မဖြစ်မနေ ယူသင့်တယ်။
(ချစ်ဦးတင်၊ဖိုးဆီးလျန်၊R-D၊August၊2005၊ရနံ့သစ်၊နိုဝင်ဘာ၊၂၀၀၅၊နှာ-၆၆)

ကမ္ဘာပေါ်ရှိ သူတော်စင်ကြီးများ၊ အောင်မြင်ခဲ့သူကြီးများ၊ လောကကို အကျိုးပြုနိုင်ခဲ့သူကြီးများ၏ အတ္ထုပ္ပတ္တိများကို ဖတ်ရတဲ့အခါ ကျွန်ူပ်တို့ဘ၀တွေ၊ရပ်တည်မှုတွေ၊ကြိုးစားမှုတွေဟာ ရှက်ဖွယ်လိလိပင် ဖြစ်တော့၏။
(အောင်စိုးမိုး)

လူတစ်ယောက်ဟာ လူရယ်လို့ဖြစ်ပြီးပြီဆိုရင်ပဲ ရလာတဲ့ ဘ၀အပေါ် ပျော်ရွှင်ရဲတဲ့ သတ္တိရှိရမယ်။
(ဂျူး၊ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ၊နှာ-၁၅၅)

လူသည် တစ်နေ့၌မွေး၍ တစ်နေ့တွင် သေရ၏။ သို့သော် ကမ္ဘာတိုင်အောင် ရှင်သန်ခဲ့ ရန် သင့်ကိုယ်သင် ပြုပြင်နိုင်သည်။
(မင်းဆွေ၊လင်ကွန်း၊နာမည်၊စ-ကြိမ်၊နှာ-၇၂)

ငါတို့တတ်နိုင်သမျှ
ကြိုးစားပြီးပြီလို့ပြောတာ အကျိုးမရှိဘူး။
လုပ်ဖို့လိုအပ်တာကို လုပ်မှအောင်မြင်မယ်။
( ၀န်စတန်ချာချီ )


သိရုံနဲ့မလုံလောက်
အသုံးချဖို့လဲလိုတယ်။
ဆန္ဒရှိရုံနဲ့မပြီး လုပ်ကိုလုပ်ရမယ်။
( ဂိုထဲ )


ကျွန်တော်ကွယ်လွန်တဲ့အချိန်မှာ
ကိုယ်အား စိတ်အားတွေ အပြည့်အ၀သုံးပစ်ခဲ့တဲ့
လူတစ်ယောက်ဖြစ်ချင်တယ်။
ကျွန်တော့အတွက်ကတော့ ဘ၀ဆိုတာ
ဖယောင်းတိုင်လေး တစ်ခုမဟုတ်ပါဘူး။
ခဏလေးကိုင်ထားရတဲ့ မီးရှူးတိုင်နဲ့တူတယ်။
အနာဂတ်မျိုးဆက်သစ်တွေကို လက်ဆင့်မကမ်းမီ
တတ်နိုင်သမျှ တောက်လောင်အောင် လုပ်ပေးခဲ့ချင်တယ်။
( ဂျော့ခ်ျဘားနပ်ရှော )


အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့
မကြိုးစားပါနဲ့။
တန်ဖိုးရှိတဲ့လူတစ်ယောက်
်ဖြစ်လာအောင် ကြိုးစားပါ။

( အိုင်းစတိုင်း )

ဖတ်ခဲ့သမျှ(ပရဟိတ)

ဆုကြီးပန် မင်းယောက်ျား မင်းမိန်းမ ဆိုသူတွေဟာ သူများအပူကို ကိုယ့်အပူလုပ်သွာကြသူတွေ ဖြစ်တယ်။
(အောင်သင်း၊မျိုးဆက်သစ် တိုးတက်ရစ်ဖို့၊နှာ-၂၂၄)

ကိုယ့်ဘ၀ ဘယ်လောက်အောင်မြင်သလဲ ဆိုတာကို ကိုယ်ဘယ်လောက်များများရသလဲ ဆိုတာနဲ့ မတိုင်းတာပဲ ကိုယ်ဘယ်လောက်များများ ပြန်ပေးလဲလို့တိုင်းတာရင် ပိုကောင်းမယ်။
(ဦးဇောတိက)

လူတစ်ယောက်ဟာ လူ့အသိုင်းအ၀ိုင်းအတွက် ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သူ့ခံစားချက်တွေ သူ့အတွေးတွေနဲ့ သူ့လုပ်ရပ်တွေဟာ ဘ၀တူလူသားရဲ့ အခြေအနေတိုးတက်ဖို့ ကောင်းဖို့ ဘယ်လောက်ဦးတည်နေသလဲဆိုတဲ့ အပေါ်မှာ အဓိကအားဖြင့် မူတည်ပါတယ်။
(ဦးဇောတိက၊စာစဉ်-၁၈၊နှာ-၆၉)

ကိုယ်လိုချင်ရင် သူ့ကိုပေးပါ။
(asm)

လူတစ်ယောက်အတွက် မသေခင် စပ်ကြား အများအကျိုး ဘယ်လောက် သည်ပိုးခဲ့သလဲဆိုတာ အရေးကြီးတယ်။
-------------------------------------------------------

စာနာခြင်းဟာ လူ့တန်ဘိုးပဲ။
(အောင်မြတ်ဦး၊အိုင်းစတိုင်း၊ရာစုနှစ်၏အမှတ်တရပုံရိပ်များ၊နှာ-၇၃)

လူတစ်ယောက်ရဲ့အရေးအကြီးဆုံးအလုပ်ဟာ လူ့ဘ၀နဲ့ လူ့ပါတ်ဝန်းကျင်မှာ ကိုယ့်တာဝန်ကို ကျေပွန်ဖို့ပဲ။
(အောင်မြတ်ဦး၊ဂျွန်ပေါဆတ်၊ရာစုနှစ်၏အမှတ်တရပုံရိပ်များ၊နှာ-၁၆)

ချမ်းသာဖို့ အခွင့်အရေးရှိတဲ့သူတွေရဲ့ ပထမဆုံးတာဝန်တစ်ခုက သူတို့နောက်ကသူတွေကို ကူညီဖို့ ဖြစ်တယ်။ ဒါမှ သူတို့လည်း ချမ်းသာနိုင်မယ်။
(ယင်မင်းရှိန်၊မြန်မာတိုင်းမ်စ်၊ဇူလိုင်-၁၅၊၂၀၀၅၊နှာ-၂၆)

ဖယောင်းတိုင်ရယ်လို့ ဖြစ်လာကတည်းက အလောင်ကျွမ်းခံပြီး အလင်းဓာတ်တွေကို ပေးဝေဖို့ပါ။
(မင်းမော်ကွန်း၊ဖယောင်းတိုင်)

ကာလ၀ိပ္ပတ္တိ- ကပ်ဆိုက်နေတဲ့အခါမှာ ကိုယ်ကျိုးမကြည့်ပဲ ကူညီလုပ်ကိုင်နိုင်သူဟာ သူရဲကောင်းစိတ်ဓာတ်ရှိသူပါ။ ဒါပေမယ့် သူရဲကောင်းတော့ မဟုတ်ပါဘူး။
(ကမူး၊R-F-A)

ကောင်းတာတွေများများ လုပ်ထားတဲ့နေ့ဟာ စိတ်ချမ်းသာနေမယ်။ အတ္တဟိတ-ပရဟိတ နှစ်မျိုးစလုံး ပါတယ်ဆိုရင်ပေါ့။
(asm)

မိမိမှာရှိသောငွေဖြင့် လူတို့၏ ဒုက္ခတော်တော်များများကို ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာ ကြီးပွာချမ်းသာသူတိုင်း သိနားလည်သင့်၏။
(ကောင်းသန့်၊ကြီးပွားချမ်းသာ----၊နှာ-၅၅)

အများအကျိုးဆောင်ရွက်တာလောက် မွန်မြတ်တဲ့ လုပ်ငန်းမရှိဘူး။
(ဒေါက်တာမင်းတင်မွန်၊Dr.K.sri Dammananda၊ဗုဒ္ဓဘာသာစာရိတ္တပညာနှင့် ကျင့်ဝတ်များ၊ဒု-ကြိမ်၊နှာ-၆၃)

လူ့အဖွဲ့အစည်းထဲကလူတစ်ယောက် တစ်စုံတရာ ကောက်ကျစ်စဉ်းလဲမှုမပါဘဲ နာမည်ကောင်းလက်မှတ်တစ်စောင်နဲ့အတူ လွတ်မြောက်သွားတာကိုပဲ ဂုဏ်ယူမိ။
(သန်းမြင့်အောင်(မ)၊ရေဝေး ထိန်ပင်……၊နှာ-၂၅)

သူတစ်ပါးအခက်အခဲကို ကူညီခွင့်ရပါလျက်နဲ့မှ မကူညီရင် ကူညီဖို့လွယ်လျက်နဲ့မှ မကူညီရင် ဒါ လူသားမဆန်မှုပါ။
(asm)

ဘ၀၏ အမြင့်မြတ်ဆုံးပန်းတိုင်သည် ပေးဆပ်ခြင်း။
(နေထွဋ်၊အက်ဒ်လာ၊micro-I၊နှာ-၃၈)

လူ့သမိုင်းဆိုသည်မှာ အောင်မြင်ကြီးကြယ်သောသူတို့၏ အတ္ထုပ္ပတ္တိသာ ဖြစ်၏။
(မောင်ပေါ်ထွန်း၊သောမတ်စ် ကာလိုင်း၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၄၀)

အသက်ထင်ရှားရှိစဉ် လူများအတွက် အကျိုးပြုခဲ့လျှင် ကွယ်လွန်ပြီးနောက် လူအများ၏ ရိုသေခြင်းကို ခံရ၏။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇွန်၊၂၀၀၇၊နှာ-၁၃၂)

တကမ္ဘာလုံးကို ပြောင်းဖို့ မစဉ်းစားပါနဲ့။တစ်ကောင်ကိုအသက် ကယ်နိုင်အောင်ကြိုးစား။
(ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ အတွေးအမြင်၊ဇွန်၊၂၀၀၇၊နှာ-၁၈၁)

လူတစ်ယောက်ရဲ့အမှန်တရားဟာ သူ့ရဲ့အတွေး(သို့)ခံစားချက်တွေ မဟုတ်ပါဘူး။အဓိက က သူ့ရဲ့အတွေးတွေ(သို့)ခံစာချက်တွေနဲ့ လူတွေကို ဘယ်လိုကူညီမယ်ဆိုတာသာ ဖြစ်တယ်။
(မအေးဆေး၊R,D-July-2005၊ရနံ့သစ်၊၁၁၊၂၀၀၅၊နှာ-၅၁)

ပရဟိတမပါဘဲနဲ့တော့ ရေရှည်မပျော်နိုင်ဘူး။
(asm)

နွမ်းပါးသူလေးတွေရဲ့ “ဟ”နေတဲ့ ပါးစပ်လေးတွေကို အမြဲတမ်းသတိရပါ။
(asm)

တကယ်စစ်မှန်တဲ့ မေတ္တာမှာ အကြောင်းပြချက်၊တောင်းဆိုချက်တွေ မရှိဘူး။
(ဦးဇောတိက၊မေတ္တာတရား၊ဒု-ကြိမ်၊နှာ-၄၆)

အင်မတန်မှ ဂရုဏာကြီးတော်မူတဲ့ မြတ်စွာဘုရားဟာ ဘယ်သူ့အတွက်မှ မပူပါဘူး…တဲ့။
(ဦးဇောတိက၊မေတ္တာတရား၊နှာ-၅၀)

လောကမှာကိုယ်တတ်နိုင်တာလေး ကိုယ်လုပ်ပေးရတာ ပျော်စရာအကောင်းဆုံးပဲ။
(ဂျာနယ်ကျော်ဦးချစ်မောင်၊သူ၊နှာ၆၄)

သူတစ်ပါးကို ကူညီခြင်းသည် ကိုယ်ကိုယ်ကို ကူညီခြင်းမည်၏။
(တင်မောင်သန်း၊ကင်ဝူ ဂျွန်၊(ဒေ၀ူး)၊လမ်းတိုင်းကို ရွှေခင်းထားတယ်၊နှာ-၁၀၆)

ဘယ်သူမှ အကူအညီမပေးနိုင်လောက်အောင် တန်ဖိုးမမဲ့ပါဘူး။
(တင်မောင်သန်း၊ကင်ဝူ ဂျွန်၊(ဒေ၀ူး)၊လမ်းတိုင်းကို ရွှေခင်းထားတယ်၊နှာ-၁၃၈¬)

ဖတ်ခဲ့သမျှ(ပညာရေး)

များများလိုချင် များများလေ့လာ။
(မောင်ပေါ်ထွန်း၊ဂရိစကားပုံ၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၂၀)

အချိန်ပို မိနစ်လေးတွေကို အကျိုးရှိအောင် အသုံးချတတ်သူတွေဟာ တစ်နေ့ကျတော့ ထိပ်တန်းရောက်ကြတာပဲ။
(မောင်ပေါ်ထွန်း၊ဂျယ်ယာမီ တေလာ၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၂၃)

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ရိုးသားမှု နှင့် ယုံကြည်မှုတို့ဖြင့် ဖတ်ရာ၏။ ပညာရှိသုခမိန်ကြီးဖြစ်ရန် ဟူသောရည်ရွယ်ချက်ဖြင့် ဘယ်တော့မှ မဖတ်ရာ။
(မောင်ပေါ်ထွန်း၊T-Aကင်မ် ပတ်စ်၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၉၃)

စကားပြောကောင်းသူသည် စာဖတ်သည်၊စဉ်းစားသည်၊နားထောင်သည်။ထို့ကြောင့်လည်း သူ့တွင် ပြောစရာ အကြောင်းအရာ တစ်ခုခုရှိသည်။
(မောင်ပေါ်ထွန်း၊ ဆာ ဝေါ်လတာ စကော့၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၇၈)

စာဖတ်ခြင်းသည် ကျွန်ုပ်တို့အား ဗဟုသုတကိုပေး၏။ စာဖတ်ခြင်းဖြင့်ရသော အတွေးအမြင်သည်သာလျှင် အသိဉာဏ်ကိုပေး၏။
(မောင်ပေါ်ထွန်း၊ဂျွန် လောက်၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၉၆)

အမှန်ကို သိနိုင်ရက်နဲ့ မသိအောင်နေတာဟာ တာဝန်မကျေတာ၊အပြစ်ရှိပါတယ်။
(ဦးဇောတိက၊လွတ်လပ်သောစိတ်၊နှာ-၂၁၆)

စာကြည့်တိုက်ရှိတဲ့အိမ်ဟာ အသက်ဝိဉာဏ်ရှိတယ်။
(ဦးဇောတိက၊ပလေတို၊လွတ်လပ်သောစိတ်၊နှာ-၃၀၈)

အဖေတစ်ယောက်သည် ဆရာအယောက်တစ်ရာပေါင်းထားသည်ထက် ပို၏။
(ဖေမြင့်၊ဂျော့ဂ်ျ ဟားဘတ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

ပညာရှိသူများဟာ အနိုင်ထက် အရှုံးကနေ သင်ခန်းစာပိုရတယ်။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

ပညာ၏ရည်ရွယ်ချက်မှာ ဗဟုသုတရရန်မဟုတ်၊ စုပြီးသား ဗဟုသုတကို အသုံးချရန်သာ ဖြစ်သည်။ (ဦးနု၊ဟားဗတ် စပင်ဆာ၊မိတ္တဗလဋီကာ၊၁၁-ကြိမ်၊နှာ-၃၆)

စာဖတ်ခြင်းဖြင့် ပြည့်သောသူတစ်ယောက် ဖြစ်လာနိုင်တယ်။
ဆွေးနွေးခြင်းဖြင့် တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းလာနိုင်တယ်။
စာရေးခြင်းဖြင့် တိကျသောသူတစ်ယောက်ဖြစ်လာနိုင်တယ်။
(ဘေကွန်)

ပညာကို ရှာမှီးရာ၏။ ဥစ္စာကို သိုမှီးရာ၏။
စကားကို ချွေတာရာ၏။ အကြံဉာဏ်ကို ဖြန့်ဖြူးရာ၏။
(ဆီဇာရို)

ဘယ်နေရာကိုပဲသွားသွား အဲဒီနေရာအကြောင်းကို စာအုပ်တစ်အုပ်ရေးဖို့ ရည်ရွယ်ထားသလောက် စေ့စေ့စပ်စပ် လေ့လာပါ။
(လော့ဒ် ချက်စ်တာဖီးလ်ဒ်)

ပညာသုတ တစ်ပိုင်းစလျှင်၊ အကျိုးမများ အန္တရာယ်များ၏။
(ကဗျာဆရာကြီး ပုတ်)

ပညာကို ဘာလို့သင်ရတာလဲ။ ဘာသာတရားကို ဘာလို့ကိုးကွယ်ရတာလဲ…လို့ မေးရင် ပိုးပြီးတော့ အဆင့်မြင့်သော လူသားတစ်ဦး ဖြစ်ဖို့ ပိုပြီးတော့ ဘ၀ကိုနေရဖို့ ပညာသင်ရတာ။
(ဦးဇောတိက၊စာစဉ်-၁၈၊နှာ-၆၀)

ပညာမပါပဲ ကြီးပွားချင်တဲ့စိတ်ဟာ ကုန်းခေါင်ခေါင်ကလှေလိုပါပဲ။
(မာ့စ် လီး)

ဘယ်အတတ်ပညာကိုမဆို ဘယ်လောက်ပဲလေ့လာလာ လိုက်စားစား အန္တရာယ်မရှိပါဘူး။
(ခိုင်နှင်းဝေ၊ဒေါင်းယဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားခဲ့ချင်တယ်)

ဖတ်ခဲ့သမျှ(အိမ်ထောင်ရေး)

အောင်မြင်တဲ့ အိမ်ထောင်တစ်ခုဟာ လူတစ်ယောက်ရဲ့ ဘ၀ကို အကြီးအကျယ် ပံ့ပိုးထောက်ကူနိုင်တယ်။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် အကျိုးကျေးဇူး ပေးနိုင်တယ်။ ထို့နည်းတူ မအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကြောင့် ပေးဆပ်ရမယ့် နစ်နာဆုံးရှုံးမှုဟာလည်း တိုင်းတာမရလောက်အောင် ကြီးမားတယ်။
(ဖေမြင့်၊ကင်းစလေဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၉၆)

ဇနီးကောင်းတစ်ယောက်ထက် လူတစ်ယောက်ရဲ့ဘ၀ကို အလျင်အမြန် တိုးတက်သွာစေတဲ့အရာ ဖေးမထောက်ကူနိုင်တဲ့အရာ မရှိဘူး။
(ဖေမြင့်၊ကင်းစလေဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၁၀၂)

ဇွဲမကောင်းဘဲနဲ့တော့ မိန်းမချောတစ်ယောက်ရဲ့ မေတ္တာကို မရနိုင်ဘူး။
(ဖေမြင့်၊ကင်းစလေဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၁၀၃)

ချစ်သူရည်းစားဖြစ်တိုင်းလည်း ထိုရင်ခွင်သည် မိမိ မှီတွယ်ငိုချပစ်ဖို့အသိပညာ၊အကြင်နာ၊ နားလည်နိုင်စွမ်း အစစအရာရာ ပြည့်စုံနွေးထွေးလိမ့်မည်ဟု မျှော်လင့်၍ မရပါ။
(ဂျူး၊ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ၊နှာ-၉၃)

အိမ်ထောင်ပြုခြင်းဟာ လှောင်အိမ်တစ်ခုလိုပဲ။ အထဲက ငှက်ငယ်ဟာ အပြင်ထွက်ချင်သလို အပြင်ကငှက်ကလေးတွေလည်း အတွင်းကို ၀င်ချင်ကြတယ်။
( )

လင်ပါ၊ မယားပါ သားသမီးကို မချစ်တတ်သူသည် ဘဲဥကို ၀ပ်ပေးသော ကြက်မလောက်မှ တန်ဘိုးမရှိ။ ဘဲပေါက်စလေး ရေကူးလျှင်ပင် ကုန်ပေါ်မှ စောင့်ကြည့်နေရှာသေး၏။
(ဦးဝင်းမြင့်)

မိမိဘ၀ကြင်ဖော်၏ ချို့ယွင်းချက်များကို မကျေမနပ်ဖြစ်ပါက မိမိ၏ ဟာကွက် အားနည်းချက်များကို ကြည့်၍ စိတ်သက်သာမှုကို ရှာကြံသင့်၏။
(ဦးအေးမောင်၊စိတ်ပညာနှင့်ကိုယ်ကျင့်တရား၊နှာ-၁၅၁)


လင်းဖြစ်စေ၊မယားဖြစ်စေ ကျူးလွန်သောအပြစ်သည် မိသားစုအားလုံး အကျိုးစီးပွား အလွန် ဆုတ်ယုတ်ပျက်စီးစေမည့် အပြစ်မဟုတ်ပါက ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိပါ။ သဘောထားကြီးရမည်။
(ဦးအေးမောင်၊စိတ်ပညာနှင့်ကိုယ်ကျင့်တရား၊နှာ-၁၅၁)

အိမ်ထောင်ဘက်ရွေးချယ်ရာမှာ လှပခြင်း၊ ပညာအရည်အချင်းရှိခြင်း၊ မျိုးရိုးဇာတိကောင်းမွန်ခြင်း၊ အကျင့်စရိတ္တကောင်းမွန်ခြင်း တွေ လိုအပ်တယ်။
(ဦးခိုင်တင်၊အချစ်ကြိုးဝိုင်း)

ရေတွင်း

၂၀၀၅ ခုနှစ်လောက်ကပေါ့။ ကျနော်တို့ ရွာမှာ ရေတွင်းတွေ တူးကြတယ်။ ကြိုးနဲ့ ပုံးနဲ့ ငင်ရတဲ့ ပေ ၅၀ လောက် နက်တဲ့ တွင်းကြီးတွေ တူးကြတာပါ။ အညာက ရေတွင်းကြီးတွေကို မြင်ဖူးမှာပေါ့။ အဲဒီတုန်းက ကျနော်တို့ရွာမှာ ရေအတော်ကိုရှားတာ။ ပေ ၅၀ ကျော်နက်တဲ့ ရေတွင်းဟောင်းကြီးကလည်း ရေခမ်း သွားတာ ၁၅ နှစ်လောက်ရှိနေပြီ။ ရေကို အရမ်းတောင့်တနေတဲ့ အချိန်ပေါ့။ ရေတွင်းတူးဖို့ရာလည်း ဘယ်သူမှ မ၀ံ့ရဲတဲ့ အချိန်ပါ။ ရေထွက်မယ်လို့လည်း ထင်မထားကြတာကိုး။
တစ်နေ့တော့ လူငယ်တွေ စုပြီး ရေစမ်းတူးကြဖို့ တိုင်ပင်ကြတယ်။ အကျိုးမဲ့ မပင်ပန်းကြရအောင် ဆိုပြီး ပထမအနေနဲ့ ရေစမ်းတွင်း တစ်တွင်းတူးကြတာ။ ရေစမ်းတွင်းဆိုတာက ၀ါးလုံးရှည်ရှည်ထိပ်မှာ တူရွင်းသွားတပ်ပြီး ဆောင့်ကြတာပေါ့။ ဆောင့်လိုက် မြေစာလေး ယက်တင်လိုက်နဲ့ တစ်မနက် ကုန်သွားတော့ ပေ ၂၀ လောက်ထိရောက်သွားတယ်။ ရေနဲ့တူတာဆိုလို့ မြေစိုစိုလေးတောင် မတွေ့ရပါဘူး။ ဒီလိုနဲ့ တစ်ချို့လူတွေက ထမင်းစားပြန်ပြီး နားကြတာပေါ့။ အဲဒီအချိန်မှာ လူနှစ်ယောက်က ဆက်ပြီး ဆောင့်နေရစ်ကြတယ် ခင်ဗျ။ ကျနော်တို့ ထမင်းစားပြီးပြန်လာတော့ မင်္ဂလာသတင်းကြားရတော့တာပဲ။ ၂၅ ပေလောက်မှာ ရေတွေ့ရတယ်တဲ့။ အားလုံးဝမ်းသာကြတာပေါ့။

အဲဒီနေရာကို တွင်းကျယ်တူးကြမယ်ဆိုပြီး တစ်ရွာလုံး ၀ိုင်းပြီး ၀မ်းသာအားရ တူးလိုက်ကြတာ နှစ်ရက်မကုန်ခင် ၂၅ ပေလောက်ရောက်တော့တာပဲ။ ရေကတော့တွေ့ဖို့ဝေလာဝေး အရိပ်အယောင်တောင် မမြင်ရဘူး။ ပေ ၃၀ ရောက်လို့လည်း မတွေ့ဘူး ခင်ဗျ။
လာထား… စောစောက ၂၅ပေ လောက်မှာ ရေတွေ့တယ်ဆိုတဲ့ကောင် နှစ်ယောက်။ ကျနော်တို့က ၀ိုင်းဆူတာပေါ့။ သူတို့က ရေတွင်းတူးဖြစ်သွားအောင်လို့ တမင်တကာ လိမ်လိုက်တာပါ…တဲ့။ အားကြိုးမာန်တက် မျှော်လင့်တကြီးနဲ့ တူးရတဲ့ ကျနော်တို့ ပေါက်ကွဲတာပေါ့။တက်ကြွနေတဲ့ လူစုကို ဒီလို မသမာတဲ့ နည်းသုံးပြီး မစွဲဆောင်သင့်ပါဘူး။ အမှန်အတိုင်း ရိုးရိုးသားသား စည်းရုံးရင်လည်း ဖြစ်နိုင်ပါတယ်။ သူတို့က စေတနာ အရင်းခံနဲ့ လိမ်တာပါဆိုတော့ ဘာဆက်ပြောရမှန်းမသိတော့ဘူး။
ရေမတွေ့တော့ စိတ်ပျက်ပြီး ပြန်ကြတော့တာပေါ့။

ကျနော်တို့ လူနည်းစုလောက်ပဲ နောက် တစ်ရက်မှာ ဆက်တူးကြပါတယ်။ တစ်ချို့လူတွေက သောက်ရူးတွေလို့ထင်ကြတာ။ ရေမရှိနိုင်လောက်ဘူး လို့ ထင်ထားတဲ့ အရပ်မှာ နွေခေါင်ခေါင် ရေတွင်းတူးနေတဲ့ ကျနော်တို့ကို ဟား…ချင်ကြတယ် ။ ရေပေါတဲ့ ဘေးရွာက လူတွေကလည်း ပြုံးကြတယ် ခင်ဗျ။ သူတို့လွန်တာလည်း မဟုတ်ပါ။ ကျနော်တို့သာ မျက်ကန်း လမ်းလျှောက် လျှောက်နေကြတာပါ။
အဲဒီလို တူးရင်းတူးရင်းနဲ့ ၄၅ ပေလောက်မှာတော့ မြေက ပျော့လာတယ်။အားတက်ကြတာပေါ့။ ကျနော်တို့ ထန်းသမားတွေ ပင်ပင်ပန်းပန်း ထန်းတက်ရတဲ့ ကြားထဲကပဲ ည ၁ နာရီလောက်ထိအောင် လုပ်အားပေးကြတာ။ ပင်ပန်းခံရကျိုးနပ်ပါတယ်။ ပေ ၅၀ ကျော် တူးမိတဲ့ အခါမှာတော့ ရေစတွေ့ပါတယ်။ တွေ့ပုံကို ပြောရအုံးမယ်။ ရယ်ရတယ် ခင်ဗျ။ အဲဒီတုန်းက ကျနော်က ရေတွင်းထဲမှာ တစ်ယောက်တည်း တူးနေတာ။ မြေတွေက ပျော့လွန်းမက ပျော့လာပြီး တူရွင်းနဲ့တူးစရာ မလိုပဲ ပန်းကန်ပြားနဲ့ ကော်ထည့်လို့ရပါတယ်။ အပေါ်က ကြိုးနဲ့ တောင်းချပေး၊ကြုံးထည့်။ တောင်း အပေါ်ကို ဆွဲတင်နေတုန်း အောက်က ကျနော် ဘာလုပ်တယ်ထင်လဲ။ အောက်မှာ ပျော့နေတဲ့မြေကို လက်နဲ့ နှိုက်တာ။ ကလေးတွေ လယ်ထဲက ပုဇွန်တွင်းမှာ ပုဇွန်လုံးနှိုက်သလိုပေါ့။ အောက်ကို လက်နဲ့ ထိုးပြီး လှမ်းစမ်းတာ။ ရေတွေ့ချင်တာကိုး။ တော်တော်လေးကြာလာတော့ ကျနော့် လက်ထိပ်မှာ ရေကလေး စိမ့်ဝင်လာတာကို အေး..ကနဲ ခံစားလိုက်ရတယ်။

“ဟေး…ရေ တွေ့ပြီဗျို့”
“ဟာ ဟုတ်လို့လားကွာ။ ဘယ်မှာလဲ”
“ကျူပ် အောက်ကို ပုဇွန်တွင်းလို နှိုက်ရင်းနဲ့ စမ်းမိတာ”
“သေချာရဲ့လား ကွ”
“သေချာတယ် ဗျို့”
ကျနော်က ကျနော့် ပုဇွန်တွင်းလေးထဲက စိမ့်ထွက်လာတဲ့ ရေလေးကို လက်ခလယ်နဲ့ “ကလောက် ကလောက်” မည်အောင် လှုပ်ပြလိုက်တယ်။
“ကြားရလား၊ ကြားရလား”
“ကြားရတယ် ကွ”
“ဝေး…ဟေး…ဟေး…”
ပျော်လိုက်ကြပုံများ ပြောမပြတတ်အောင်ပါပဲ။ ၀မ်းသာအားရ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံကြတာပေါ့။ ကျနော့် ဦးလေးဆိုရင် တူးထားတဲ့ မြေကြီးပုံကြီးပေါ်ကို “ဗိုင်း” ကနဲ ကျွမ်းပစ်လိုက်တာ ရေတွင်းထဲက ကျနော်တောင် ကြားရတယ်။
အဲဒါနဲ့ အပေါ်ကနေ နို့ဆီဗူးလေး တစ်လုံးချပေးတယ်။ လက်နှိုက်ထားတဲ့ တွင်းလေးထဲက ရေလေးကို နို့ဆီဗူးလေးထဲ ခပ်ထည့်တာပေါ့။ မောနေပြီဖြစ်တဲ့ ကျနော့်ကို စက်တီးကြိုးနဲ့ ဆွဲတင်ကြတယ်။ ကိုယ်တူးထားတဲ့ တွင်းထဲက ရေလေးထည့်ထားတဲ့ နို့ဆီဗူးလေးကို ကိုင်ပြီး ကြိုးကိုခိုပြီး တက်လာတော့ အပေါ်က လူတွေက ကြိုကြတာများ အောင်ပွဲရ စစ်သူကြီးကို ကြိုတဲ့အတိုင်းပဲခင်ဗျ။

အဲဒီတုန်းက ပျော်လိုက်ပုံများ တစ်သက်လုံး မေ့လို့ရမှာ မဟုတ်ဘူး။ အခု တွေးမိရင် အခု ကြည်းနူးရပါတယ်။ မှတ်မှတ်ရရ ရေတွေ့တာ ည ၁ နာရီ ကျော်ကျော်မှ စတွေ့တာ။
အဲဒါ အပေါ်ကလူတွေက ရေကို မမြင်ရသေးဘူး။ နောက်တစ်ယောက် ဆင်းပြီးဆက်တူးတယ်။ တော်တော်လေးတူးပြီးတော့ တွင်းထဲမှာ ရေအိုင်လေးမြင်ရပြီဆိုတော့မှ နားကြတာ။ ၂ နာရီကျော်မှ နားရတော့တယ်။ အပေါ်ကနေ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်။ တွင်းထဲက ဆန်ကော(ဇဂေါ)လောက်ရှိတဲ့ ရေအိုင်လေးကို မြင်ရတာ လပြည့်ည လမင်းထက် ကြည့်လို့ကောင်းတယ် ထင်မိပါရဲ့။ ၈ ဗို့အား ဘတ္ထရီမီးလေး တွင်းထဲချပြီး ရေပြပွဲ လုပ်လိုက်ကြတာ ကြည့်လို့ကို မ၀ပါဘူး။ နောက်တစ်နေ့မှာ ရွာထဲက လူတွေ ရေလာကြည့်ကြပြီး ပျော်လိုက်ကြတာများ ကျောင်းထိုင်ဘုန်းကြီးကတောင် “ငါ ဆင်းကြည့်ချင်သေးသကွာ” ဆိုလို့ ရေတွင်းထဲ ချပေးရသေးတယ်။တစ်ခါတရံမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်က ပရဟိတ အတွက် ဖြစ်ပြီး အောင်မြင်သွားတဲ့ အခါ အသေးအဖွဲလေး ဖြစ်ပါစေ တော်တော် ကြည်နူးဖို့ကောင်းပါတယ်။ မေ့မရတဲ့ တစ်နေ့ပေါ့ဗျာ။
          အောင်စိုးမိုး