Tuesday, December 24, 2013

လုပ်ငန်းရှင်ဝါဒ

Asia Masters Hotel-Management မှ ရေးတင်ထားတဲ့ လုပ်ငန်းရှင်ဝါဒ ဆိုတဲ့ စာပိုဒ်တွေ ဖြစ်ပါတယ်။


လုပ်ငန်းရှင်ဝါဒ (၁)
========
၁။ အရွယ်ရောက်လာတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ၀င်ငွေဖြစ်တယ်။ ဒီစာကိုဖတ်နေချိန်မှာ ကိုယ့်မှာဝင်ငွေလမ်းကြောင်းတစ်ခုခိုင်ခိုင်မာမာရှိနေပြီလားဆိုတာမေးရမယ်။ အချိန်တိုင်းမှာ တစ်ခုတည်းသောစိတ်ကို ဒီဝင်ငွေအပေါ်မှာသာထားရမယ်။ မိမိရဲ့လုပ်ဆောင်မှုတိုင်းဟာ ၀င်ငွေကို ဖန်တီး၊ တိုးပွားနိုင်တဲ့ လုပ်ဆောင်မှုများသာဖြစ်ရမယ်။ စားလည်း ၀င်ငွေ၊ သွားလည်း ၀င်ငွေသာဖြစ်ရမယ်။ မနက်အိပ်ယာထချိန်ရွတ်ဆိုရမှာက ၀င်ငွေဖြစ်တယ်။ ညအိပ်ယာဝင်ခါနီးအချိန်ရွတ်ဆိုရမှာကလည်းဝင်ငွေဖြစ်တယ်။ ၀င်ငွေဆိုတာ မိမိရဲ့ ကိုယ်စွမ်းအား၊ ဥာဏ်စွမ်းအားနဲ့ တရားဥပဒေနဲ့အညီ အလုပ်တစ်ခုလုပ်လို့ ရလာတဲ့ အခကျေးငွေဖြစ်တယ်။ ၀င်ငွေရှိလာသူများဟာ စုဆောင်းရမယ်။ စုဆောင်းမိနေသူများဟာ တိုးပွားအောင်လုပ်ရမယ်။ တစ်ပြား၊ တစ်ကျပ်၊ တစ်ရာ၊ တစ်ထောင်၊ ငါးထောင်၊ တစ်သောင်းအစရှိသည့် ငွေကြေးတို့သည် မိမိ၏ စစ်သည်တော်များနှင့်တူသည်။ ရှုံးနိမ့်မည့်တိုက်ပွဲများအတွက် မိမိတို့၏စစ်သည်တော်တို့၏ အင်အားကို အချည်းနှီး မဆုံးရှုံးသင့်။ အစဉ်အဆက် တိုးပွားကြီးမားလာအောင်သာ လုပ်ဆောင်ကြရမည်။ ၀င်ငွေမရှိသူများသည် အသိဥာဏ်နဲပါးခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အနာရောဂါထူပြောခြင်း၊ မိတ်ဆွေသင်္ဂဟနည်းခြင်း၊ သက်တမ်းတိုးခြင်း အစရှိသည့် ဘေးဒုက္ခတို့ကို အစဉ်ခံစားရလေ၏။

Tuesday, April 30, 2013

စာအုပ်တွေ

ဒေါင်းထားသင့်တဲ့ စာအုပ်တွေပါ။

ဘာသာပြန်စာအုပ်များ
http://is.gd/n4j7eL
သမိုင်းစာအုပ်များ
http://is.gd/B1PIZQ
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
http://is.gd/4K4SFK
စာပေဟောပြောပွဲ mp3 ဖိုင်အပုဒ်( ၁၀၀ကျော် )
http://is.gd/SWF4Vb

စိုင်းထီးဆိုင် သီချင်းများ

♫ ဒီဇင်ဘာနံနက်ခင်း ♫
1.ချစ်ပြုံးစီခြယ်
2.ဒီဇင်ဘာနံနက်ခင်း
3.လာချော့လှည့်တော့ကွယ်
4.မပန်းရယ် မငိုနဲ့
5.မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး
6.နေခြည်ထိပ်ထား
7.နှင်းပွင့်သစ္စာ
8.ပန်းဘုရင်မလေး
9.သဇင်
10.သူဒါတွေမသိပါ
11.သူသတိရရ မရရ

Wednesday, February 13, 2013

ဆရာတော်ဦးဇောတိက ဟောကြားတော်မူသောတရားတော်များ
SayaDaw U Jotika

ပျင်းမနားမြို့ မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက                 

ဟောကြားတော်မူသောတရားတော်များ Download ရယူနိုင်ပါသည်။

Saturday, January 26, 2013

အမေ...။

ဒီနေ့ အမေနေ့တဲ့..။ ကျုပ်လည်း အမေ့ကို သတိရပါတယ် အမေ။ အမေနေ့ ဆိုတော့ အမေနဲ့ ပါတ်သက်ပြီး သတိရမိတာလေးတွေ ချရေးမိတယ် အမေ..။ အမေနဲ့ ပါတ်သက်ပြီး ကျုပ် အရင်ဆုံး သွားသတိရတာကတော့ မနက်စောစောစီးစီး ထမင်းကြမ်း စားကြတဲ့ အချိန်လေးတွေ သတိရလိုက်တာ အရင်ဆုံးပါပဲ အမေ။ တစ်ခါတရံမှာ ထမင်းကြမ်း သိပ်မများရင် မိသားစု အစုံအလင် စားဖို့ မလောက်ဘူးပေါ့ အမေ...။ “အမေ လောက်ငအောင် ဘာလို့ ချက်မထားတာလဲ”.. လို့ ကျုပ်တို့ အပြစ်တင်ခဲ့ကြတယ်။“ နောက်နေ့ ချက်ပါ့မယ် သားရယ်....” တဲ့။ တကယ်တမ်း အမေ့ ဆန်အိုးထဲမှာ လောက်ငအောင် ရှိနေဖို့ မသေချာဘူးဆိုတာ ကျုပ်မသိခဲ့ဘူး အမေ..။ သိအောင်လည်း တစ်ခါမှ မမေးခဲ့ဖူးဘူး အမေရယ်..။