Saturday, January 26, 2013

အမေ...။

ဒီနေ့ အမေနေ့တဲ့..။ ကျုပ်လည်း အမေ့ကို သတိရပါတယ် အမေ။ အမေနေ့ ဆိုတော့ အမေနဲ့ ပါတ်သက်ပြီး သတိရမိတာလေးတွေ ချရေးမိတယ် အမေ..။ အမေနဲ့ ပါတ်သက်ပြီး ကျုပ် အရင်ဆုံး သွားသတိရတာကတော့ မနက်စောစောစီးစီး ထမင်းကြမ်း စားကြတဲ့ အချိန်လေးတွေ သတိရလိုက်တာ အရင်ဆုံးပါပဲ အမေ။ တစ်ခါတရံမှာ ထမင်းကြမ်း သိပ်မများရင် မိသားစု အစုံအလင် စားဖို့ မလောက်ဘူးပေါ့ အမေ...။ “အမေ လောက်ငအောင် ဘာလို့ ချက်မထားတာလဲ”.. လို့ ကျုပ်တို့ အပြစ်တင်ခဲ့ကြတယ်။“ နောက်နေ့ ချက်ပါ့မယ် သားရယ်....” တဲ့။ တကယ်တမ်း အမေ့ ဆန်အိုးထဲမှာ လောက်ငအောင် ရှိနေဖို့ မသေချာဘူးဆိုတာ ကျုပ်မသိခဲ့ဘူး အမေ..။ သိအောင်လည်း တစ်ခါမှ မမေးခဲ့ဖူးဘူး အမေရယ်..။