Sunday, January 10, 2010

ဖတ်ခဲ့သမျှ(ဘ၀)

“နွားတစ်ကောင်ရဲ့အမြီးဖြစ်ရတာထက်၊ ကြက်တစ်ကောင်ရဲ့ ဦးခေါင်းဖြစ်ရတာက ပိုကောင်းတယ်”
Acer တည်ထောင်သူ စတန်ရှီး၊Friday, 01 January 2010၊အင်တာနက်ဂျာနယ်


"လူတစ်ယောက်သည် လူတစ်ယောက်ကို ထိုးနှက်ခွင့်မရှိသလို ရိုင်းစိုင်းစွာ ပြောဆိုခွင့်လည်း မရှိပါ. . . . "

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

လူချွန်လူကောင်းတွေဟာ သူတို့ရဲ့ ကံကြမ္မာကို ခိုင်မာအောင် မဖန်တီးနိုင်ကြဘူး။ လူကောင်းဟာ အသေစောပြီး လူဆိုးက သက်ဆိုးရှည်တယ်။
(ဒန်နီယယ် ဒီဖိုး)

မိမိဘ၀ကို မိမိသာလျှင် တည်ဆောက်နိုင်၏။
အတ္တာဟိ အတ္တနော နာထော။
(ဗုဒ္ဓ)

လူ့ဘ၀မှာ အထစ်အငေါ့လေးတွေ ရှိမှဖြစ်မယ်။ အဲဒီအထစ်ကလေးတွေကို ကျော်လွှားပြီး တက်လိုက်မှ အပေါ်ကိုရောက်မယ်။ ကျော်လွှားစရာ အထစ်မရှိရင် တပြေးတည်းဆိုရင် မတိုးတက်နိုင်ဘူး။
(အောင်စိုးမိုး)

အငုတ်ကြီးမှ အတတ်ပေါက်သန်တာ။
(သောင်းအေး)

ကိုယ့်အသက်ကို နေ့တိုင်းရေတွက်ပါ။ ကိုယ့်နေထိုင်ပုံဟာ ကိုယ့်အသက်ထက် မငယ်ပါစေနဲ့။
(အောင်စိုးမိုး)

ငါဟာ မြင့်မြတ်တဲ့ လူသားတစ်ယောက်ပါ။ အဲဒီဘ၀ကို တန်ဘိုးထားပါ။
(ဦးဇောတိက)

သေခါနီးလို့ ကိုယ့်ဘ၀အကြောင်း ပြန်စဉ်းစားတဲ့အခါ ကျေနပ်နိုင်အောင် ကြိုးစားပါ။ ဒါ ကြိုတင် ပြင်ဆင်ထားမှ ဖြစ်တဲ့အရာတစ်ခုပါ။
(အောင်စိုးမိုး)

ဘ၀မှာ တိုးတက်မှုမရှိရင် ဆုတ်ယုတ်နေတယ်။ တန့်မနေဘူး။
(ဦးဇောတိက)

ဘ၀တစ်ခုလုံးတော့ ပိုက်ဆံရှာဘို့ချည်း မပေးနိုင်ဘူး။
(ဦးဇောတိက)

ကိုယ့်ဘ၀ ဘယ်လောက်အောင်မြင်သလဲ ဆိုတာကို ကိုယ်ဘယ်လောက်များများရသလဲ ဆိုတာနဲ့ မတိုင်းတာပဲ ကိုယ်ဘယ်လောက်များများ ပြန်ပေးလဲလို့တိုင်းတာရင် ပိုကောင်းမယ်။
(ဦးဇောတိက)

ကိုယ်ရထားတဲ့ဘ၀ကို ကိုယ်သိပ်ပြီးသွားချင်နေတဲ့ မိတ်ဆုံစားပွဲတစ်ခုလို သဘောထားပါ။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတယ်…လို့ယူဆပါ။
(ဦးဇောတိက)

လူ့ဘ၀ဟာ ချောက်ကမ္ဘားကြီးတစ်ခုပါ။ ရှိသမျှ အင်အားကို အကုန်ထုတ်၊ အဝေးက အရှိန်ယူ၊ အရေးကြီးတဲ့နေရာရောက်ရင် ရှိသမျှ အင်အားတွေ အကုန်ထုတ်ပြီးတော့ ကျော်လွှားလိုက်။ နဲနဲလေးလျှော့ပြီးတော့ ခုန်လိုက်ရင် ချောက်ထဲကျသွားမယ်။
(ဦးဇောတိက)

လောကကြီးက ကိုယ်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်နေတာမှမဟုတ်တာ။ သူ့ဟာသူ ဖြစ်ချင်တာဖြစ်နေတဲ့လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်ကမွေးလာရတာ။ ဒါကို နားလည်ပြီး (Adapt) ညှိနှိုင်းပြီး နေသွာရမှာ။
(ဦးဇောတိက)

ဘ၀မှာ ဂုဏ်ထက် သိက္ခာက ပိုပြီးအရေးကြီးတယ်။
(စိုးမိုးကြည်၊အာဠာဝကချစ်စိန်)

ပညာကို ဘာလို့သင်ရတာလဲ။ ဘာသာတရားကို ဘာလို့ကိုးကွယ်ရတာလဲ…လို့ မေးရင် ပိုးပြီးတော့ အဆင့်မြင့်သော လူသားတစ်ဦး ဖြစ်ဖို့ ပိုပြီးတော့ ဘ၀ကိုနေရဖို့ ပညာသင်ရတာ။
(ဦးဇောတိက၊စာစဉ်-၁၈၊နှာ-၆၀)

သေချာတဲ့ ဘ၀ဟာ သေနေတဲ့ ဘ၀ပဲ။
(ဦးဇောတိက၊တစိမ့်စိမ့်တွေးမယ်၊နှာ-၇)

ဘ၀အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာ ကုန်သွားတယ်။
(ဦးဇောတိက၊တစိမ့်စိမ့်တွေးမယ်၊နှာ-၇)

တကယ့်ဘ၀ဆိုတာ ဒဏ္ဍာရီတစ်ခုလိုတော့ အပြစ်ကင်းစင်စွာ ပြီးပြည့်စုံနိုင်လိမ့်မည် မထင်ပါ။
(ဂျူး၊ပင်လယ်နဲ့တူသော မိန်းမများ)

ဘ၀မြင့်သူအပေါ်မှာ ဘ၀င်မြင့်ရင် ဘ၀နိမ့်သွားမယ်။
(အရှင်ဆန္ဒာဓိက၊မချစ်တတ်မမုန်းတတ်သောသူ၊နှာ-၁၅၆)

ကျားသေရင် သားရေကျန်ရမည်။ လူသေရင် နာမည်ချန်ရမည်။
(မင်းဆွေ၊နိပွန်စကားပုံ၊နာမည်၊စ-ကြိမ်၊နှာ-၁၂၃)

ဂျပန်ပြည် အိုဆာကာ ရဲတိုက်ကြီးကို ၀ိုင်းပြီးတိုက်မယ်လုပ်တော့ “အိုင်ရေရာဆု” ဆိုတဲ့ (၁၄)နှစ်သားလေးက သူ့ကို တပ်ဦးကထားရန် အကြီးအကဲတွေကို ခွင့်တောင်းတယ်။ ငယ်လွန်းလို့ ပယ်ချခံရတယ်။ သူတို့တပ် အိုဆာကာ ရဲတိုက်ကြီးကို အောင်မြင်စွာ တိုက်နိုင်ပေမယ့် “အိုင်ရေရာဆု”ကတော့ ငိုတယ်။ အမတ်ကြီးက “စိတ်မဆင်းရဲပါနဲ့ အမောင် ၊ ရှေ့ဆက်ပြီး မင်းလုပ်နိုင် ကြံနိုင်တဲ့ တာဝန်တွေ အများကြီးရှိပါတယ်”…လို့ နှစ်သိမ့်တော့ ”အိုင်ရေရာဆု”က ဘာပြောတယ်ထင်လဲ။ “အမတ်ကြီး သင်အကျိုးမဲ့ စကားကို ပြောလှာသည်။ ကျွန်ုပ်သည် ဘယ်သောအခါမှ (၁၄)နှစ် အရွယ်ကို ပြန်ရလိမ့်မည်မဟုတ်”…တဲ့။…….????????
(မင်းဆွေ၊နာမည်၊စ-ကြိမ်၊နှာ-၁၁၂)

သားသမီးအထောက်အပံ့နဲ့နေရတဲ့ ပင်စင်စားတွေရဲ့ ဘ၀ဟာ သိပ်မျက်နှာငယ်ကြပါတယ်။
(ဦးကျော်ငြိမ်း၊အင်အားဂျာနယ်နာယက)

ဘ၀ဆိုသည်မှာ ဖြစ်ရပ်များ(History)နှင့် အဆင့်အတန်း သတ်မှတ်ပြီး အကျိုရလာဒ် (Results) များဖြင့်သာ တန်ဖိုးဖြတ်ခြင်း ဖြစ်ပါသည်။
(နေထွဋ်၊Micro-I၊နှာ-၁၂)

ဘ၀၏ အမြင့်ဆုံးပန်တိုင်သည် ပေးဆပ်ခြင်း။
(နေထွဋ်၊အက်ဒလာ၊Micro-I၊နှာ-၂၆)

လူတစ်ယောက်သည် ပြင်ပအကူအညီအားလုံးကင်းရှင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှသာလျှင် စွမ်းအားရှိသူ၊အောင်မြင်သောသူဟု ကျွန်ုပ်ယူဆ၏။ (မောင်ပေါ်ထွန်း၊အီမာဆင်၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၁၃)
လူ့သမိုင်းဆိုသည်မှာ အောင်မြင်ကြီးကြယ်သောသူတို့၏ အတ္ထုပ္ပတ္တိသာ ဖြစ်၏။
(မောင်ပေါ်ထွန်း၊သောမတ်စ် ကာလိုင်း၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၄၀)

ကမ္ဘာလောကကြီးထဲကို တစ်ခါတည်းဖြတ်လျှောက်ကြရတာ။ ဒါ့ကြောင့် အကောင်းဆုံး အပြောင်မြောက်ဆုံးဖြစ်အောင် လုပ်စမ်းပါ။ (ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမည့်ပုဂ္ဂိုလ်၊နှာ-၃)

ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ ဘ၀ရဲ့ စိန်ခေါ်စမ်းသပ်မှုတွေကို လက်မခံ ငြင်းဆန်ခဲ့မိလို့ အခွင့်မရေးမှန်သမျှ လွဲခဲ့ရတာ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမည့်ပုဂ္ဂိုလ်၊နှာ-၃)

ကမ္ဘာကျော် တော်တော်များများဟာ ကိုယ့်ထက် အသက်ငယ်ကြတယ်။(၀ိန်း ရူနီ၊c-ရိုနာဒို၊ ဖာဘရီဂတ်၊မာရီယာ ရှာရာပိုဗာ၊အိုင်ဗန်နိုဗစ်……)
ဘီလ်ဂိတ်--------------အသက်-၂၀-----မိုက်ခရိုဆော့ဖ် တည်ထောင်
ချားလ် ဒါဝင်-----------အသက်-၂၂-----ဆီးဂဲလ် နဲ့ ကမ္ဘာပတ်
နယုတန်---------------အသက်-၂၃-----သင်္ချာပညာရပ်နဲ့ပါတ်သတ်ပြီး
အင်တီဂရယ်ကဲကုလကိုတီထွင်
အလက်ဇန္ဒား ဿဂရိတ်-------၂၀------ထီးနန်းဆက်ခံ
------၂၄-------ဖာရိုးဘုရင်ဘွဲ့ခံယူ---နတ်ဘုရားတစ်ဆူဟုကြေငြာ
အယ်ဒီဆင်-----------အသက်-၂၁------မဲရေစက် တီထွင်
မာကိုနီ---------------အသက်-၂၁------ကြေးနန်ရိုက် ကိရိယာ တီထွင်
ဖရန်စစ် ဘေကွန်----အသက်-၂၃------ပြည်သူ့လွှတ်တော်မှာ ရွေးချယ်ခံရ
အဲန် ရီကို မာဖီ-------အသက်-၂၁------ပီဆာတက္ကသိုလ်မှ ရူပဗေဒပါမောက္ခဘွဲ့ရ
( )

အသက်ထင်ရှားရှိစဉ် လူအများအတွက် အကျိုးပြုခဲ့လျှင် ကွယ်လွန်ပြီးနောက် လူအများ၏ရိုသေ ကြည်ညိုခြင်းကိုခံရ၏။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇွန်၊၂၀၀၇၊နှာ-၁၃၂)

ဆွတ်ဆွတ်ဖြူဘ၀ကို စိတ်ကူးယဉ်ခဲ့ကြပေမယ့် တကယ်ရလာတဲ့ဘ၀ကတော့ ဖြူညစ်ညစ်ကလေးပါလား။
(ဉာဏ်မောင်၊အတွေးအမြင်၊စာစဉ်-၁၈၁၊ဧပြီ၊၂၀၀၇၊နှာ-၁၅၆)

မိမိကိုယ် မိမိ ရှင်သန်ပျိုးထောင်ဖို့ အချိန်ကလေးမျှလောက်ကိုတော့ မဖြစ်မနေ ယူသင့်တယ်။
(ချစ်ဦးတင်၊ဖိုးဆီးလျန်၊R-D၊August၊2005၊ရနံ့သစ်၊နိုဝင်ဘာ၊၂၀၀၅၊နှာ-၆၆)

ကမ္ဘာပေါ်ရှိ သူတော်စင်ကြီးများ၊ အောင်မြင်ခဲ့သူကြီးများ၊ လောကကို အကျိုးပြုနိုင်ခဲ့သူကြီးများ၏ အတ္ထုပ္ပတ္တိများကို ဖတ်ရတဲ့အခါ ကျွန်ူပ်တို့ဘ၀တွေ၊ရပ်တည်မှုတွေ၊ကြိုးစားမှုတွေဟာ ရှက်ဖွယ်လိလိပင် ဖြစ်တော့၏။
(အောင်စိုးမိုး)

လူတစ်ယောက်ဟာ လူရယ်လို့ဖြစ်ပြီးပြီဆိုရင်ပဲ ရလာတဲ့ ဘ၀အပေါ် ပျော်ရွှင်ရဲတဲ့ သတ္တိရှိရမယ်။
(ဂျူး၊ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ၊နှာ-၁၅၅)

လူသည် တစ်နေ့၌မွေး၍ တစ်နေ့တွင် သေရ၏။ သို့သော် ကမ္ဘာတိုင်အောင် ရှင်သန်ခဲ့ ရန် သင့်ကိုယ်သင် ပြုပြင်နိုင်သည်။
(မင်းဆွေ၊လင်ကွန်း၊နာမည်၊စ-ကြိမ်၊နှာ-၇၂)

ငါတို့တတ်နိုင်သမျှ
ကြိုးစားပြီးပြီလို့ပြောတာ အကျိုးမရှိဘူး။
လုပ်ဖို့လိုအပ်တာကို လုပ်မှအောင်မြင်မယ်။
( ၀န်စတန်ချာချီ )


သိရုံနဲ့မလုံလောက်
အသုံးချဖို့လဲလိုတယ်။
ဆန္ဒရှိရုံနဲ့မပြီး လုပ်ကိုလုပ်ရမယ်။
( ဂိုထဲ )


ကျွန်တော်ကွယ်လွန်တဲ့အချိန်မှာ
ကိုယ်အား စိတ်အားတွေ အပြည့်အ၀သုံးပစ်ခဲ့တဲ့
လူတစ်ယောက်ဖြစ်ချင်တယ်။
ကျွန်တော့အတွက်ကတော့ ဘ၀ဆိုတာ
ဖယောင်းတိုင်လေး တစ်ခုမဟုတ်ပါဘူး။
ခဏလေးကိုင်ထားရတဲ့ မီးရှူးတိုင်နဲ့တူတယ်။
အနာဂတ်မျိုးဆက်သစ်တွေကို လက်ဆင့်မကမ်းမီ
တတ်နိုင်သမျှ တောက်လောင်အောင် လုပ်ပေးခဲ့ချင်တယ်။
( ဂျော့ခ်ျဘားနပ်ရှော )


အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့
မကြိုးစားပါနဲ့။
တန်ဖိုးရှိတဲ့လူတစ်ယောက်
်ဖြစ်လာအောင် ကြိုးစားပါ။

( အိုင်းစတိုင်း )

No comments: