Saturday, August 22, 2009

ဖတ်ခဲ့သမျှ(စိတ်)

လူသည် တစ်နေ့၌မွေး၍ တစ်နေ့တွင် သေရ၏။ သို့သော် ကမ္ဘာတိုင်အောင် ရှင်သန်ခဲ့ ရန် သင့်ကိုယ်သင် ပြုပြင်နိုင်သည်။
(မင်းဆွေ၊လင်ကွန်း၊နာမည်၊စ-ကြိမ်၊နှာ-၇၂)

လူကြီး၏ အားပေးချီးမြှောက်မှုသည် ကလေးတို့အလုပ်လုပ်ချင်လာအောင် အာပေး
သော အကောင်းဆုံး တွန်အားဖြစ်သည်။
(Drသိန်းလွင်-ဒေါ်ဥမ္မာတင်၊သင့်ကလေးလူတော်လူကောင်းဖြစ်အောင်၊နှာ-၂၂၃)

အတ္တကြီးခြင်းမှာ အပြစ်မဟုတ်ပဲ ကောင်ခြင်းနဲ့ဆိုးခြင်းကသာ အပြစ်ဖြစ်စေခြင်းဖြစ်၏။
(နေထွဋ်၊မိုက်ခရို အိုင်၊နှာ-၁၂)

အပေါ်ကို မော့မကြည့်လျှင် အောက်ကိုသာမြင်လိမ့်မည်။
(မောင်ပေါ်ထွန်း၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၃၃)

စိတ်ကို ငြိမ်ငြိမ်ထားပါ။လူတိုင်းကို ထိန်းနိုင်ပါလိမ့်မည်။
( ။ ၊စိန့်ဂျပ်စ်၊ ။ ၊ နှာ-၅၆)

အီမာဆင်ဟာ သူ့စာကြည့်တိုက်မီးလောင်တာကို အပြုံးမပျက် ကြည့်နေနိုင်တယ်။ အက်ဒီဆင်လည်း သူ့စက်ရုံမီးလောင်တာကို မတုန်လှုပ်ခဲ့ဘူး။
( ။ ၊ ။ ၊ ၆၁)

လူငယ်တစ်ယောက်ရဲ့ ကြီးပွားလမ်းဟာ မိမိတတ်နိုင်တဲ့ နည်လမ်းမှန်သမျှကို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ပဲ။ အဲဒီလို လုပ်တဲ့အခါမှာလည်း ငါ့ကို ဘယ်သူတွေ ဘယ်အရာတွေက နှောက်ယှက်နေတယ်လို့ ဘယ်တော့မှ သံသယမဖြစ်နဲ့။
( ။ ၊လင်ကွန်း၊ ။ ၊နှာ-၁၂၅)

သူများတွေ ဘာတွေတွေးတယ်ဆိုတာကို မေ့ထားလိုက်၊ အရေးကြီးတာက ခင်ဗျား ဘာကိုတွေးသလဲဆိုတဲ့ အချက်ပဲ။ခင်ဗျား ကို ခင်ဗျား ယုံကြည်ဖို့ပဲ။
( ။ ၊နီကိုလပ် ဘက်ဖယ်၊ ။ ၊နှာ-၁၃၂)

မတရားတာ မမျှတတာကို လုပ်တဲ့သူဟာ သိလျက်နဲ့လုပ်ကြတာများပါတယ်။
(ဦးဇောတိက၊လွတ်လပ်သောစိတ်၊ပ-ကြိမ်၊နှာ-၈၃)

ကုသိုလ်ကောင်းမှုလုပ်ပေမဲ့ ငါအကျိုးရှိဖို့ဆိုတဲ့ စိတ်မျိုး အတွေးမျိုး မဖြစ်တော့ပဲ လုပ်သင့်တာကို စိတ်အေးအေးနဲ့ လုပ်လိုက်တာပဲ။
( ။ ၊ဒကာတစ်ဦး၊ ။ ၊ ။ ၊ -၂၁၁)

ဘာမှအပြစ်မရှိတဲ့သူကို လူတွေက သိပ်သဘောမကျဘူး။အထူးသဖြင့် ကိုယ့်ကို အနိုင်ယူချင်တဲ့သူတွေက သဘောမကျဘူး။
( ။ ၊ ။ ၊ ။ ၊ -၃၀၆)


မနာလို ၀န်တိုစိတ်မရှိတဲ့ သူကို ဘယ်သူက ကြွားလို့ရမှာလဲ။
(ဦဇောတိက၊လွတ်လပ်သောစိတ်၊ပ-ကြိမ်၊နှာ-၃၁၁)

ကမ္ဘာလောကကြီးထဲကို တစ်ခါတည်းပဲဖြတ်လျှောက်ကြရတာ။ ဒါ့ကြောင့် အကောင်ဆုံး အပြောင်မြောက်ဆုံးဖြစ်အောင် လုပ်စမ်းပါး။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမဲ့ ပုဂ္ဂိုလ်၊နှာ-၃)

မော်တော်ကားတစ်စီးကို တောင်ပေါ်တွန်တင်ရတာ သက်သာတဲ့အလုပ်မဟုတ်ဘူး။ မောလို့ခဏနားရင် သူ့ကိုထိန်းထားနိုင်အောင် ကြည့်ထားရသေးတယ်။ ထိန်းမထားနိုင်ရင် တော့ ဟိုး အောက်ခြေကနေ စတွန်းပေတော့။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမဲ့ ပုဂ္ဂိုလ်၊နှာ-၂၉)

သူတစ်ပါး မရိုးသားတဲ့ကိစ္စ ကိုယ့်အပူမဟုတ်ဘူး။ ကိုယ်ရိုးသားဖြောင့်မတ်တည်ကြည် ဖို့သာ အမြဲသတိထားရမှာ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမဲ့ ပုဂ္ဂိုလ်၊နှာ-၄၄)

လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်အတွက် အသိအမှတ်ပြုခံရတယ်၊ချီမွမ်းခံရတယ်ဆိုရင် နောက်အလုပ်လုပ်ရာမှာ ပိုပိုပြီး အားကြိုးမာန်တက် လုပ်တတ်တာ သဘာဝပဲ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမဲ့ ပုဂ္ဂိုလ်၊နှာ-၆၈)

သူများတွေ လုပ်သင့်တာကို မလုပ်တာဟာ ကိုယ်ပူပန်ဖို့ ဒေါသဖြစ်ဖို့ မဟုတ်ဘူး။ ကိုယ် လုပ်သင့်တာကို မလုပ်တာကမှ တကယ့်အမှား။
(အောင်စိုးမိုး)

လူတိုင်းသည် မိမိအား မြှောက်ပေးရာရောက်သော အတွေးခေါ်များကို လက်သပ်မွေး ထားပြီး အရသာခံတတ်ကြ၏။
(အောင်သင်း၊ရွှေဥဒေါင်း၊စာပေ့ဩဇာ၊နှာ-၈၁)

အခု ခံစားနေရတဲ့ ခံစားမှု၊စိုးရိမ်မှု၊ကြည်နူးမှုတွေဟာ ဟိုး…အနာဂါတ်တစ်ချိန်မှာ ဘာမှမဟုတ်ပါလားလို့ တွေ့ရလိမ့်မယ်။ ဟိုးအရင်တုန်းက ခံစားခဲ့တဲ့၊စိုးရိမ်ခဲ့တဲ့၊ကြည်နူးခဲ့တဲ့
အရာတွေဟာ အခုအချိန်မှာ ဘာမှမဟုတ်ပါလားလို့ သိခဲ့ရပြီးပြီ။
(အောင်စိုးမိုး)

စိတ်ဆင်းရဲစရာကြုံခဲ့ရင် ပျော်စရာကမ္ဘာအတွက် အားစိုက် ကြိုးစားကြည့်လိုက်။
(အောင်စိုးမိုး)

ဘယ်သူမှ ကိုယ်နဲ့ဆိုင်ရင် အမှန်မကြားချင်ကြ။
(ဗိုလ်ချုပ်အောင်ဆန်း၊ဒဂုံမဂ္ဂဇင်း၊၁၉၄၀၊မတ်)

လူတို့တွင် အပြင်းပြဆုံးသောစိတ်သည် မိမိကိုယ်မိမိ အထင်ကြီးသောစိတ်ပင် ဖြစ်သည်။
(ဦးနု၊ဒေးလ် ကာနက်ဂျီ၊ဒေါက်တာဂျွန် ဂျူဝီ၊မိတ္တဗလဋီကာ၊နှာ-၅၇)

မိမိကိုယ်မိမိ အထင်ကြီးနေသော်လည်း ဤကမ္ဘာလောကကြီးက မျှော်လင့်သည့် အတိုင်း အထင်ကြီးခွင့်မပေးသဖြင့် စိတ်တိုင်းကျအထင်ကြီးခွင့်ရသော အရူးဘ၀သို့ ပြောင်းကြ ကုန်၏။
(ဦးနု၊ဒေးလ် ကာနက်ဂျီ၊မိတ္တဗလဋီကာ၊နှာ-၆၂)

“ဘေး”ကို ကြည့်လွန်းအားကြီးရင် “ဘေး”တွေ့တတ်တယ်။
(အရှင်ဆေကိန္ဒ)

လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေကို လုပ်မိနေတတ်တယ်။
(အရှင်ဆေကိန္ဒ)

ကိုယ်စိတ်ချမ်းသာဖို့ တစ်စုံတစ်ယောက်က ဖြည့်ဆည်းပေးနေရမယ်ဆိုရင် ဒါ အစစ် မဖြစ်နိုင်ဘူး။ ကိုယ့်ဘာသာ ရှာယူနိုင်ရမယ်။
(အောင်စိုးမိုး)

သူများကို နိုင်ချင်တဲ့စိတ်ဟာ ကလေးဆန်တဲ့စိတ်ဖြစ်တယ်။ သူများကို အပြစ်ရှာချင်တဲ့ စိတ်ဟာ မရင့်ကျက်တဲ့စိတ် ဖြစ်တယ်။
(ဦးဇောတိက)

စိတ်ဆိုတာ ၀မ်းသာစရာထက် ပူစရာကို ပိုပြီးတော့ တွေးတတ်တယ်။အဆင်ပြေတာ ထက် အဆင်မပြေတာကို ပိုပြီးတော့ တွေးတတ်တယ်။ အဲဒီတော့ အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲတဲ့သူပဲ။
(ဦးဇောတိက)

ပြဿနာအစစ်က ၁၀%၊ စိတ်ကူးယဉ်ပြဿနာက ၉၀%။
(ဦးဇောတိက)

စိတ်ဆိုတာ ဥယျာဉ်နဲ့တူတယ်။ ဒါကြောင့် မကောင်းတဲ့မျိုးစေ့(အတွေး)ကို များများ မချပါနဲ့။
(ဦးဇောတိက)

ငါဖြစ်ချင်တာတွေဖြစ်ရရင် ကျေနပ်ပြီဆိုတာ စိတ်ရဲ့ လှည့်စားမှုပဲ။ဒါ ဖြစ်လည်း ဟိုဟာ
လိုချင်မယ်။
(ဦးဇောတိက)

ကိုယ့်စိတ်ကိုယ်မှ ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင် မိမိမှာ ဘာပညာမှ မရှိသေးဘူးလို့မှတ်ပါ။
(ဦးဇောတိက၊ဦးဇနကာဘိဝံသ…မှ)

လူသည် သူ့ကိုယ်သူ ထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်၏။
(ဖေမြင့်၊ဂျိမ်းစ် အယ်လင်၊ချုံကြားမှ ဘုံဖျားသို့၊နှာ-၆)

သင်စိုးရိမ်ပူပန်သောအရာတို့၏ ၉၉ရာနှုန်းမျှသည် လုံးဝဖြစ်မလာနိုင်ပါ။
(ဖေမြင့်၊A L ၀ီလျံ၊ချုံကြားမှ ဘုံဖျားသို့၊နှာ-၁၆၉)

ကိုယ်မှာနာကျင်သော်လည်း စိတ်မှာမနာကျင်အောင် နေမယ်။
(ဦးဇောတိက၊ဗုဒ္ဓ၊စာစဉ်-၁၆၊နှာ-၁၃)

လူတွေ ဘာဖြစ်လို့ မငြိမ်းချမ်းတာလဲ။ မငြိမ်းချမ်းတာတွေကို တွေးနေလို့ မငြမ်းချမ်း တာပါ။
(ဦးဇောတိက)

ငှက်ကလေးတွေကို သင့်ခေါင်ပေါ်က ပျံသန်းမသွားနိုင်အောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ဆံပင်ထဲမှာ အသိုက်မလုပ်နိုင်အောင်တော့ လုပ်နိုင်ပါတယ်။
(ဦးဇောတိက)

ကြည်လင်ရွှင်လန်းတဲ့သူ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ သင့်မှာ အခွင့်အရေရှိတယ်။
ကြည်လင်ရွှင်လန်းတဲ့သူ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ သင့်မှာ တာဝန်ရှိတယ်။
(ဦးဇောတိက)

ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေလိုက်ရုံနဲ့ လောကကြီးကို ပေးဆပ်လိုက်ပြီ။
(ဦးဇောတိက)

နောင်တရစရာတွေ ပူစရာတွေမရှိမှ စိတ်ကျန်းမာမယ်။
(ဦးဇောတိက)

ချီးမွမ်းတယ်၊ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးရဲ့စိတ်မှာ ခဏလေးဖြစ်သွားတဲ့ အတွေး လေးတစ်ခုပါ။
(ဦးဇောတိက)

သူများ ချီးမွမ်းတာအပေါ်မှာ မှီခိုမှု မရှိသင့်ဘူး။
(ဦးဇောတိက)

လူဆိုတာ ကိုယ့်ရဲ့ပေးဆပ်မှုအတွက် တခုခုတော့ ပြန်လိုချင်ကြတယ်။
(မင်းမော်ကွန်း၊ဖယောင်းတိုင် ဇာတ်ကား)

မိမိသည် တစ်နေ့ထက်တစ်နေ့ စိတ်သဘောထားပြည့်ဝသူ ဖြစ်ပါရဲ့လား…ဟု စစ်ဆေးကြည့်ပါ။
(ရွှေဥဒေါင်း၊ဗုဒ္ဓ၀ါဒနှင့် အယူအဆရေးရာ၊နှာ-၈၀)

မျက်နှာကဲကို ခတ်၍ စိတ်ကိုသိရာ၏။
(မြသန်းတင့်၊လော့ဒ် ချက်စတာဖီးလ်ဒ်၊လူလေးသို့ ပေးစာများ၊နှာ၁၉၈)

အမြဲတမ်း အဆင်ပြေနေရင် ထီပေါက်တာတောင် ပျော်မှာမဟုတ်ဘူး။
(အောင်စိုးမိုး)

အမြတမ်း သည်းခံနေရတယ် လို့ တွေးနေရင် ခွင့်လွှတ်တတ်သူ ဖြစ်မလာနိုင်ဘူး။
(အောင်စိုးမိုး)



လူတွေဟာ လူဆယ်ယောက်ရဲ့ကြားမှာ အလှူ့ဒါယကာ လို့ ခေါ်ခံရတာထက် လူအများကြီးထဲမှာ ခေါ်ခံရတာကို ပိုပြီးတော့ အရသာရှိတယ်လို့ ထင်ကြတယ်။
(ဦးဒေ၀ိန္ဒာလင်္ကာရာဘိဝံသ)

ဖတ်ခဲ့သမျှ (စာပေ)

မိန်းမများနှင့် မိန်းမနှင့်တူသော ယောင်္ကျားများသာလျှင် စာအုပ်၏ အတွင်းသားထက် အဖုံးကို ဂရုစိုက်၍ ကြည့်၏။
(မြသန်းတင့်၊လောဒ် ချက်စတာဖီးလ်ဒ်၊လူလေးသို့ ပေးစာများ၊နှာ- --)

စာပေ ဗဟုသုတဆိုတာ ချမ်းသာကြွယ်ဝခြင်းရဲ့ အကြောင်းတစ်ခုပဲ။
(အောင်မြတ်ဦး၊ဘာထရန် ရပ်ဆယ်၊ရာစုနှစ်၏ အမှတ်တရပုံရိပ်များ၊နှာ-၂၉)

မြည်းကြည့်ရမည့် စာအုပ်၊ မျိုချရမည့် စာအုပ်၊ ညက်ညက်ပါအောင် ၀ါးစားရမည့် စာအုပ်…ဆိုပြီး သုံးမျိုးရှိတယ်။
(ဖရန်စစ် ဘေကွန်)

အပျင်းပြေ ဖတ်ရမည့် စာ၊
ဗဟုသုတ အဖြစ် ဖတ်ရမည့် စာ၊
စဉ်းစားဉာဏ်ကို နှိုးဆွပေးမည့် စာ……ဆိုပြီး သုံးမျိုးခွဲကြည့်ချင်တယ်။
(ရွှေဥဒေါင်း)

စာဖတ်ခြင်းဟာ အချိန်ကုန်ပေမဲ့ ဘ၀အတွက်တော့ အကြီးမားဆုံးခြေလှမ်းတွေပဲ။
(အောင်စိုးမိုး)

အကိုးအကားတွေ သိပ်များလွန်ရင် ကိုယ့်ဉာဏ်ကို ကိုယ်သုံးတာ နည်းသွားတယ်။
(ဦးဇောတိက၊လွတ်လပ်သော စိတ်၊နှာ-၃၅၅)

စာတစ်အုပ်တည်း ဖတ်တဲ့သူကို သတိထား။
(ဖေမြင့်၊စိန့် သောမတ်အကွီနပ်စ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၁၆၀)

For think, in all they sadness,
What road our grief may take.
Whose brains reflect or madness,
Or whom our terrors shake…
The arrows of our anguish
Fly farther than we guess.
စဉ်းစားကြပါ၊သင်တို့ရဲ့ စိတ်ညစ်တဲ့ကြားထဲမှာ
တို့တွေရဲ့ ကြေကွဲမှုတွေဟာ ဘယ်လမ်းကိုသွားသလဲ။
တို့တွေရဲ့ ကြောက်စိတ်တွေဟာ ဘယ်သူ့ကို ကိုင်လှုပ်သလဲ။
တို့တွေရဲ့ စိတ်ရုးတွေဟာ ဘယ်သူ့ဦးဏှောက်ကို ထိသလဲ။
တို့တွေရဲ့ ၀မ်းနည်းမှုဆိုတဲ့ မြှူားတွေဟာ တို့ထင်တာထက် အဝေးကြီးကို ရောက်လိမ့်မယ်။ (စာရေးဆရာတွေကို သတိပေးထားတဲ့ Kipling (၁၈၆၅-၁၉၃၆)ရဲ့ ကဗျာ)

(ဒေါက်တာခင်မောင်ဝင်း၊အတွေးအမြင်၊ဇန်န၀ါရီ၊၂၀၀၈၊နှာ-၁၀၇)

စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကိုကိုယ်တိုင်ရေးနေသူ များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး



စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကိုကိုယ်တိုင်ရေးနေသူ များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး

Sunday, August 16, 2009

မောင့်ညိုနွဲ့

အသားရယ် ညို။
နေပူလယ် လယ်တစ်တိုက်မှာ
ကောက်စိုက်တဲ့ ပျို။
မျက်နှာပြုံး ချို
ချွေးစိုတဲ့ ညိုနွဲ့။
နဂိုရ်ယဉ် မပြင်ပဲ
စွဲလောက်ပါရဲ့။
    နတ်ရွာသား

ပြောချင်သမျှ ငါ့အကြောင်း
ငါဟာ….
အဖြေသိပြီးသားပုစ္ဆာကို
ပေးထားချက် ပြန်ရှာပြီး
Calculatorခဏခဏ နှိပ်နေချင်တဲ့ သူတစ်ယောက်….
ငါ့ဘ၀ ဥယျာဉ်ထဲမှာ…
ငါဟာ
သံပုရာပင် စိုက်ခဲ့ပြီးတော့
လိမ္မော်သီးသီးဖို့ မျှော်လင့်မိတဲ့ သူတစ်ယောက်…
ငါဟာ
မီးကျီးခဲကိုင်မိလို့
တကယ်ပူမှန်း သိတော့မှ
လွှတ်မချရက်တော့တဲ့ သူတစ်ယောက်…
သိုက်စိုးထွန်း(နတ်ရွာ)

အိမ်မက်ထဲက ဒေါသသားဦး ရွှေစင်။
ရောင်းရင်းတွေ ကျီစားပိုလို့
ငိုတဲ့ဖြစ်အင်။
သားငိုတာ မြင်
ဒီရင်မှာ ဆတ်ဆတ်လူး။
သားငိုမည့် ဒီအနီး
ချီး-- မှနေဘူး။
     နတ်ရွာသား

စံပယ့်ကို
ပန်းဝတ်လွှာ။
နမ်းမိသူ ကြူကြူမွှေး
သေးပွင့်ချပ်လွှာ။
ညချမ်းချိန်ခါ
လရောင်မှာ သာလို့မွှေး။
လှလွန်းသူ အဖြူပန်းကို
နမ်းလိုက်ချင်သေး။
  နတ်ရွာသား