Sunday, August 16, 2009


ပြောချင်သမျှ ငါ့အကြောင်း
ငါဟာ….
အဖြေသိပြီးသားပုစ္ဆာကို
ပေးထားချက် ပြန်ရှာပြီး
Calculatorခဏခဏ နှိပ်နေချင်တဲ့ သူတစ်ယောက်….
ငါ့ဘ၀ ဥယျာဉ်ထဲမှာ…
ငါဟာ
သံပုရာပင် စိုက်ခဲ့ပြီးတော့
လိမ္မော်သီးသီးဖို့ မျှော်လင့်မိတဲ့ သူတစ်ယောက်…
ငါဟာ
မီးကျီးခဲကိုင်မိလို့
တကယ်ပူမှန်း သိတော့မှ
လွှတ်မချရက်တော့တဲ့ သူတစ်ယောက်…
သိုက်စိုးထွန်း(နတ်ရွာ)

No comments: