Saturday, August 22, 2009

ဖတ်ခဲ့သမျှ (စာပေ)

မိန်းမများနှင့် မိန်းမနှင့်တူသော ယောင်္ကျားများသာလျှင် စာအုပ်၏ အတွင်းသားထက် အဖုံးကို ဂရုစိုက်၍ ကြည့်၏။
(မြသန်းတင့်၊လောဒ် ချက်စတာဖီးလ်ဒ်၊လူလေးသို့ ပေးစာများ၊နှာ- --)

စာပေ ဗဟုသုတဆိုတာ ချမ်းသာကြွယ်ဝခြင်းရဲ့ အကြောင်းတစ်ခုပဲ။
(အောင်မြတ်ဦး၊ဘာထရန် ရပ်ဆယ်၊ရာစုနှစ်၏ အမှတ်တရပုံရိပ်များ၊နှာ-၂၉)

မြည်းကြည့်ရမည့် စာအုပ်၊ မျိုချရမည့် စာအုပ်၊ ညက်ညက်ပါအောင် ၀ါးစားရမည့် စာအုပ်…ဆိုပြီး သုံးမျိုးရှိတယ်။
(ဖရန်စစ် ဘေကွန်)

အပျင်းပြေ ဖတ်ရမည့် စာ၊
ဗဟုသုတ အဖြစ် ဖတ်ရမည့် စာ၊
စဉ်းစားဉာဏ်ကို နှိုးဆွပေးမည့် စာ……ဆိုပြီး သုံးမျိုးခွဲကြည့်ချင်တယ်။
(ရွှေဥဒေါင်း)

စာဖတ်ခြင်းဟာ အချိန်ကုန်ပေမဲ့ ဘ၀အတွက်တော့ အကြီးမားဆုံးခြေလှမ်းတွေပဲ။
(အောင်စိုးမိုး)

အကိုးအကားတွေ သိပ်များလွန်ရင် ကိုယ့်ဉာဏ်ကို ကိုယ်သုံးတာ နည်းသွားတယ်။
(ဦးဇောတိက၊လွတ်လပ်သော စိတ်၊နှာ-၃၅၅)

စာတစ်အုပ်တည်း ဖတ်တဲ့သူကို သတိထား။
(ဖေမြင့်၊စိန့် သောမတ်အကွီနပ်စ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၁၆၀)

For think, in all they sadness,
What road our grief may take.
Whose brains reflect or madness,
Or whom our terrors shake…
The arrows of our anguish
Fly farther than we guess.
စဉ်းစားကြပါ၊သင်တို့ရဲ့ စိတ်ညစ်တဲ့ကြားထဲမှာ
တို့တွေရဲ့ ကြေကွဲမှုတွေဟာ ဘယ်လမ်းကိုသွားသလဲ။
တို့တွေရဲ့ ကြောက်စိတ်တွေဟာ ဘယ်သူ့ကို ကိုင်လှုပ်သလဲ။
တို့တွေရဲ့ စိတ်ရုးတွေဟာ ဘယ်သူ့ဦးဏှောက်ကို ထိသလဲ။
တို့တွေရဲ့ ၀မ်းနည်းမှုဆိုတဲ့ မြှူားတွေဟာ တို့ထင်တာထက် အဝေးကြီးကို ရောက်လိမ့်မယ်။ (စာရေးဆရာတွေကို သတိပေးထားတဲ့ Kipling (၁၈၆၅-၁၉၃၆)ရဲ့ ကဗျာ)

(ဒေါက်တာခင်မောင်ဝင်း၊အတွေးအမြင်၊ဇန်န၀ါရီ၊၂၀၀၈၊နှာ-၁၀၇)

စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကိုကိုယ်တိုင်ရေးနေသူ များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး



စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကိုကိုယ်တိုင်ရေးနေသူ များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး

No comments: