Sunday, January 10, 2010

ဖတ်ခဲ့သမျှ(အိမ်ထောင်ရေး)

အောင်မြင်တဲ့ အိမ်ထောင်တစ်ခုဟာ လူတစ်ယောက်ရဲ့ ဘ၀ကို အကြီးအကျယ် ပံ့ပိုးထောက်ကူနိုင်တယ်။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် အကျိုးကျေးဇူး ပေးနိုင်တယ်။ ထို့နည်းတူ မအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကြောင့် ပေးဆပ်ရမယ့် နစ်နာဆုံးရှုံးမှုဟာလည်း တိုင်းတာမရလောက်အောင် ကြီးမားတယ်။
(ဖေမြင့်၊ကင်းစလေဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၉၆)

ဇနီးကောင်းတစ်ယောက်ထက် လူတစ်ယောက်ရဲ့ဘ၀ကို အလျင်အမြန် တိုးတက်သွာစေတဲ့အရာ ဖေးမထောက်ကူနိုင်တဲ့အရာ မရှိဘူး။
(ဖေမြင့်၊ကင်းစလေဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၁၀၂)

ဇွဲမကောင်းဘဲနဲ့တော့ မိန်းမချောတစ်ယောက်ရဲ့ မေတ္တာကို မရနိုင်ဘူး။
(ဖေမြင့်၊ကင်းစလေဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၁၀၃)

ချစ်သူရည်းစားဖြစ်တိုင်းလည်း ထိုရင်ခွင်သည် မိမိ မှီတွယ်ငိုချပစ်ဖို့အသိပညာ၊အကြင်နာ၊ နားလည်နိုင်စွမ်း အစစအရာရာ ပြည့်စုံနွေးထွေးလိမ့်မည်ဟု မျှော်လင့်၍ မရပါ။
(ဂျူး၊ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ၊နှာ-၉၃)

အိမ်ထောင်ပြုခြင်းဟာ လှောင်အိမ်တစ်ခုလိုပဲ။ အထဲက ငှက်ငယ်ဟာ အပြင်ထွက်ချင်သလို အပြင်ကငှက်ကလေးတွေလည်း အတွင်းကို ၀င်ချင်ကြတယ်။
( )

လင်ပါ၊ မယားပါ သားသမီးကို မချစ်တတ်သူသည် ဘဲဥကို ၀ပ်ပေးသော ကြက်မလောက်မှ တန်ဘိုးမရှိ။ ဘဲပေါက်စလေး ရေကူးလျှင်ပင် ကုန်ပေါ်မှ စောင့်ကြည့်နေရှာသေး၏။
(ဦးဝင်းမြင့်)

မိမိဘ၀ကြင်ဖော်၏ ချို့ယွင်းချက်များကို မကျေမနပ်ဖြစ်ပါက မိမိ၏ ဟာကွက် အားနည်းချက်များကို ကြည့်၍ စိတ်သက်သာမှုကို ရှာကြံသင့်၏။
(ဦးအေးမောင်၊စိတ်ပညာနှင့်ကိုယ်ကျင့်တရား၊နှာ-၁၅၁)


လင်းဖြစ်စေ၊မယားဖြစ်စေ ကျူးလွန်သောအပြစ်သည် မိသားစုအားလုံး အကျိုးစီးပွား အလွန် ဆုတ်ယုတ်ပျက်စီးစေမည့် အပြစ်မဟုတ်ပါက ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိပါ။ သဘောထားကြီးရမည်။
(ဦးအေးမောင်၊စိတ်ပညာနှင့်ကိုယ်ကျင့်တရား၊နှာ-၁၅၁)

အိမ်ထောင်ဘက်ရွေးချယ်ရာမှာ လှပခြင်း၊ ပညာအရည်အချင်းရှိခြင်း၊ မျိုးရိုးဇာတိကောင်းမွန်ခြင်း၊ အကျင့်စရိတ္တကောင်းမွန်ခြင်း တွေ လိုအပ်တယ်။
(ဦးခိုင်တင်၊အချစ်ကြိုးဝိုင်း)

No comments: