Sunday, January 10, 2010

ဖတ်ခဲ့သမျှ(မိဘ)

သားသမီး အထောက်အပံ့နဲ့ နေ နေရတဲ့ ပင်စင်စားတွေရဲ့ဘ၀ဟာ သိပ်မျက်နှာငယ်ကြပါတယ်။
(ဦးကျော်ငြိမ်း၊အင်အားဂျာနယ်နာယက)

မိဘများသည်လည်း ပုထုဇဉ်ဖြစ်၍ အမှားမကင်းနိုင်ပါ။သို့သော် မိဘ၏အမှားကို ဗွေယူတတ်သော သားသမီးကား မိုက်မဲသူသာ ဖြစ်၏။ (အောင်စိုးမိုး)

အဖေတစ်ယောက်သည် ဆရာအယောက်တရာပေါင်းထားသည်ထက် ပို၏။
(ဖေမြင့်၊ဂျောဂ်ျ ဟားဗတ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

အဖေတိုင်းရဲ့ နှလုံးသားထဲမှာ သူမွေးထားတဲ့သား ပေါက်မြောက် အောင်မြင်သွားတာကို မြင်ချင်တဲ့ ဆန္ဒတစ်ခု တိတ်တဆိတ် ကိန်းအောင်းနေတတ်စမြဲပေကိုး။
(ဖေမြင့်၊ကင်းစလေ ဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

မိဘမေတ္တာနဲ့နွေးထွေးနေတဲ့ ကလေးတစ်ယောက်ဟာ မိဘစိတ်မချမ်းမသာ ဖြစ်စေမယ့် အလုပ်မျိုးကို မလုပ်ရကောင်းမှန်း သိတယ်။
(ဖေမြင့်၊ကင်းစလေ ဝေါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၂၄၄)

သားသမီးများက မိဘကို ကြောက်ခြင်းသည် မေတ္တာတရားမလုံလောက်ခြင်းကြောင့်။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇွန်၊၂၀၀၇၊နှာ-၁၃၄)

သားသမီးများ၏ ဒုက္ခဆင်းရဲသည် မိဘများ၏ အပြစ်တည်း။ မိဘများ စိတ်မချမ်းသာခြင်းသည် သားသမီးများ၏ ၀တ်ပျက်ခြင်းတည်း။
(မောင်မောင်လှိုင်(အပ်စိုက်ကု)၊တိန်းတီ၊အတွေးအမြင်၊ဇန်န၀ါရီ၊၂၀၀၈၊ နှာ-၁၉၁)

ကိုယ့်မွေးသဖခင်လုပ်တဲ့သူက လူယုတ်မာဖြစ်ကြောင်း သိရတာ သိပ်ပြီးဝမ်နည်းတယ် သူငယ်ချင်း။ သားဆိုတာ မွေးသဖခင်ကို ချစ်ရုံခင်ရုံနဲ့ မပြီးဘူး။ အကျင့်ပါ ဖြူစင်တယ်…လို့ မြတ်နိုးရမှ တော်တာကိုး သူငယ်ချင်း။
(အောင်သင်း၊ရွှေဥဒေါင်း…ရတနာသိုက် ၀တ္ထုမှ၊စာပေ့ဩဇာ၊နှာ-၈၂)

သားတစ်ယောက်ကို အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တာဟာ ကိုယ်က အပိုင်စီးထားဖို့အတွက် မဟုတ်ပေဘူး။ (ဂျူး၊နံရံ၏ အခြားတစ်ဖက်)
၁။မိဘကို ကျွေးမွေးရန် ကိုယ့်မှာ စေတနာရှိခြင်း
၂။မိမိမှာ ကျွေးနိုင်သောအင်အားရှိခြင်း
၃။ကိုယ့်ကို မိဘက အားကိုးခြင်း
၎။မိဘ အသက်ရှင်လျက်ရှိခြင်း
၅။မိဘမှာ ကျန်းခန့်သာယာစွာရှိခြင်။
ဤအကြောင်းတရား ငါးပါး တပြိုင်နက်ရှိမှသာ မိဘကို လုပ်ကျွေးနိုင်၏။
(ဦးသုခ၊ကံ ကံ၏အကျိုးနှင့် ၀တ္ထုတိုများ၊နှာ-၁၈၄)

မိဘဆိုတာ သားသမီးကို ပိုပြီးချစ်လေ ပိုပြီး သဘောတူရမည့်သူ ရှားလေပဲ။
(ဦးသုခ၊ကံ ကံ၏အကျိုးနှင့် ၀တ္ထုတိုများ၊နှာ-၃၆)

မြေးသည် အဘိုးစိုက်သောအပင်မှ အသီးကိုခူး၏။
(တင်မောင်သန်း၊ကင်ဝူချွန်း(ဒေ၀ူး)၊လမ်းတိုင်းကို ရွှေခင်းထားတယ်၊နှာ-၁၆၂)

လင်ပါ၊ မယားပါ သားသမီးကို မချစ်တတ်သူသည် ဘဲဥကို ၀ပ်ပေးသော ကြက်မလောက်မှ တန်ဘိုးမရှိ။ ဘဲပေါက်စလေး ရေကူးလျှင်ပင် ကုန်ပေါ်မှ စောင့်ကြည့်နေရှာသေး၏။
(ဦးဝင်းမြင့်)

ကိုယ့်သားသမီးတွေကို ပေးနိုင်တဲ့ အမွေတွေထဲမှာ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ချင်စိတ်ကို ပေးတာဟာ အကောင်းဆုံး အမွေပဲ။
(ဦးဇောတိက)

မလိမ္ဘူးတဲ့ သားသမီး၊ အလိမ္မခံရဘူးတဲ့ မိဘ မရွိဘူး။ ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာပဲ ကွာတယ်။
(စိုးမိုးကြည်၊နှလုံးသားထဲကရဲတိုက်)

တာဝန်မကျေတဲ့ သားတစ်ယောက်အနေနဲ့တော့ ရခဲတဲ့ လူ့ဘ၀ကို အဆုံးရှုံးမခံနိုင်ဘူး။
(မင်းမော်ကွန်း၊ဖယောင်းတိုင်)

သူနဲ့ မတည့်တဲ့အစာ မစားဘူး။ အလုပ် မလုပ်ဘူး။ ဒါတွေကို ဘယ်သူမှ သင်ပေးတာ မဟုတ်ဘူး။ သူ့ အလိုလို ဖြစ်လာတာ။
(မေကဗျာ၊ဗိုက်ပူမ(သူ့ကိုယ်ဝန်နဲ့ပါတ်သတ်တဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်))

No comments: