Sunday, January 10, 2010

ဖတ်ခဲ့သမျှ(ပညာရေး)

များများလိုချင် များများလေ့လာ။
(မောင်ပေါ်ထွန်း၊ဂရိစကားပုံ၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၂၀)

အချိန်ပို မိနစ်လေးတွေကို အကျိုးရှိအောင် အသုံးချတတ်သူတွေဟာ တစ်နေ့ကျတော့ ထိပ်တန်းရောက်ကြတာပဲ။
(မောင်ပေါ်ထွန်း၊ဂျယ်ယာမီ တေလာ၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၂၃)

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ရိုးသားမှု နှင့် ယုံကြည်မှုတို့ဖြင့် ဖတ်ရာ၏။ ပညာရှိသုခမိန်ကြီးဖြစ်ရန် ဟူသောရည်ရွယ်ချက်ဖြင့် ဘယ်တော့မှ မဖတ်ရာ။
(မောင်ပေါ်ထွန်း၊T-Aကင်မ် ပတ်စ်၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၉၃)

စကားပြောကောင်းသူသည် စာဖတ်သည်၊စဉ်းစားသည်၊နားထောင်သည်။ထို့ကြောင့်လည်း သူ့တွင် ပြောစရာ အကြောင်းအရာ တစ်ခုခုရှိသည်။
(မောင်ပေါ်ထွန်း၊ ဆာ ဝေါ်လတာ စကော့၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၇၈)

စာဖတ်ခြင်းသည် ကျွန်ုပ်တို့အား ဗဟုသုတကိုပေး၏။ စာဖတ်ခြင်းဖြင့်ရသော အတွေးအမြင်သည်သာလျှင် အသိဉာဏ်ကိုပေး၏။
(မောင်ပေါ်ထွန်း၊ဂျွန် လောက်၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၉၆)

အမှန်ကို သိနိုင်ရက်နဲ့ မသိအောင်နေတာဟာ တာဝန်မကျေတာ၊အပြစ်ရှိပါတယ်။
(ဦးဇောတိက၊လွတ်လပ်သောစိတ်၊နှာ-၂၁၆)

စာကြည့်တိုက်ရှိတဲ့အိမ်ဟာ အသက်ဝိဉာဏ်ရှိတယ်။
(ဦးဇောတိက၊ပလေတို၊လွတ်လပ်သောစိတ်၊နှာ-၃၀၈)

အဖေတစ်ယောက်သည် ဆရာအယောက်တစ်ရာပေါင်းထားသည်ထက် ပို၏။
(ဖေမြင့်၊ဂျော့ဂ်ျ ဟားဘတ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

ပညာရှိသူများဟာ အနိုင်ထက် အရှုံးကနေ သင်ခန်းစာပိုရတယ်။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ်၊နှာ-၄၀)

ပညာ၏ရည်ရွယ်ချက်မှာ ဗဟုသုတရရန်မဟုတ်၊ စုပြီးသား ဗဟုသုတကို အသုံးချရန်သာ ဖြစ်သည်။ (ဦးနု၊ဟားဗတ် စပင်ဆာ၊မိတ္တဗလဋီကာ၊၁၁-ကြိမ်၊နှာ-၃၆)

စာဖတ်ခြင်းဖြင့် ပြည့်သောသူတစ်ယောက် ဖြစ်လာနိုင်တယ်။
ဆွေးနွေးခြင်းဖြင့် တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းလာနိုင်တယ်။
စာရေးခြင်းဖြင့် တိကျသောသူတစ်ယောက်ဖြစ်လာနိုင်တယ်။
(ဘေကွန်)

ပညာကို ရှာမှီးရာ၏။ ဥစ္စာကို သိုမှီးရာ၏။
စကားကို ချွေတာရာ၏။ အကြံဉာဏ်ကို ဖြန့်ဖြူးရာ၏။
(ဆီဇာရို)

ဘယ်နေရာကိုပဲသွားသွား အဲဒီနေရာအကြောင်းကို စာအုပ်တစ်အုပ်ရေးဖို့ ရည်ရွယ်ထားသလောက် စေ့စေ့စပ်စပ် လေ့လာပါ။
(လော့ဒ် ချက်စ်တာဖီးလ်ဒ်)

ပညာသုတ တစ်ပိုင်းစလျှင်၊ အကျိုးမများ အန္တရာယ်များ၏။
(ကဗျာဆရာကြီး ပုတ်)

ပညာကို ဘာလို့သင်ရတာလဲ။ ဘာသာတရားကို ဘာလို့ကိုးကွယ်ရတာလဲ…လို့ မေးရင် ပိုးပြီးတော့ အဆင့်မြင့်သော လူသားတစ်ဦး ဖြစ်ဖို့ ပိုပြီးတော့ ဘ၀ကိုနေရဖို့ ပညာသင်ရတာ။
(ဦးဇောတိက၊စာစဉ်-၁၈၊နှာ-၆၀)

ပညာမပါပဲ ကြီးပွားချင်တဲ့စိတ်ဟာ ကုန်းခေါင်ခေါင်ကလှေလိုပါပဲ။
(မာ့စ် လီး)

ဘယ်အတတ်ပညာကိုမဆို ဘယ်လောက်ပဲလေ့လာလာ လိုက်စားစား အန္တရာယ်မရှိပါဘူး။
(ခိုင်နှင်းဝေ၊ဒေါင်းယဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားခဲ့ချင်တယ်)

No comments: