Monday, January 18, 2010

ဖတ်ခဲ့သမျှ(အချိန်)

နေမင်းကြီးကွယ်လေပြီဟု မျက်ရည်ကျနေလျှင် ငွေကြယ်ပွင့်တို့ကို မမြင်ရဘဲ ရှိချေတော့မည်။
(ရာဗိန္ဒြာနတ် တဂိုး--------ငှက်တေလေ)

တစ်ရက်မှာ အားလပ်ချိန် -၆-နာရီလောက်ရှိရင် တဖြည်းဖြည်းနဲ့ လူဟာ ပျက်စီးလာတယ်။
(အောင်စိုးမိုး)

ဒီနေ့ လုပ်လို့ရတာ မှန်သမျှကို မနက်ဖြန်သို့ မရွှေ့ပါနဲ့။
(ဒတ်ခ်ျ ခေါင်းဆောင် ဒီဝစ်)

ကိုယ့်အသက်ကို နေ့တိုင်းရေတွက်ပါ။ ကိုယ့်နေထိုင်ပုံဟာ ကိုယ့်အသက်ထက် မငယ်ပါစေနဲ့။
(အောင်စိုးမိုး)

ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အတိတ်ကဖြစ်ရပ်ထဲမှာ ထောင်ကျမနေဘို့ လိုတယ်။
(ဦးဇောတိက)

သင်မျှော်လင့်တဲ့ အနာဂါတ်ဟာ ပစ္စုပ္ပန်ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီ ပစ္စပ္ပန်ထက် ပိုကောင်းတယ်လို့ ထင်ရတဲ့ နောက်ထပ် အနာဂါတ်တစ်ခု ရလာအုံးမှာပဲ။
(ဦးဇောတိက)

အချိန်ဆွဲတာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးပဲ။
(အောင်မြတ်ဦး၊တော်စတွိုင်း၊ ရာစုနှစ်၏ အမှတ်တရပုံရိပ်များ၊နှာ-၅၉)

အတိတ်ကို ထားခဲ့ပြီ။ အနာဂါတ်ကိုပဲ အာရုံစူးစိုက်ကြပါစို့။
(ယင်မင်းရှိန်၊မြန်မာတိုင်းမ်၊ဇူလိုင်-၁၅၊၂၀၀၅၊နှာ-၂၆)

ပျော်သလိုသာနေပါကွယ်။ အဆိုးဆုံးက လာပါလိမ့်ဦးမယ်။
Cheer up,the wrose is yet to come.
(ဖီးလန်းဒ်စ် စီ ဂျွန်ဆင်(၁၈၆၆-၁၉၃၉)

အခွင့်အရေးဆိုတာ နေထွက်လာတာနဲ့တူတယ်။ ခင်ဗျား သိပ်ကြာကြာ စောင့်နေရင် လွဲရော။
(၀ီလီယံ အာသာဝပ်)

သင်တို့အား အချိန်ကလွဲရင် ဘာမဆို ကျွန်ုပ်ပေးနိုင်တယ်။
(ခင်မျိုးချစ်၊နပိုလီယံ၊အပျင်းဖြေနည်း၊နှာ-၇၄)

ပျင်းရိခြင်းကို အောင်နိုင်သောဆေးနည်းကား မနားမနေ အလုပ်လုပ်ခြင်းတည်း။
(ခင်မျိုးချစ်၊အပျင်းဖြေနည်း၊နှာ-၁၇၇)

ဘာမှမလုပ်ပဲ နေတဲ့အချိန်လောက် မကောင်းကျိုးပေးတာ လောကမှာမရှိ။
(ခင်မျိုးချစ်၊ဒေါက်တာမာရှယ်ဟော၊အပျင်းဖြေနည်း၊နှာ-၁၇၆)

အားနေသောလက်ကို ဂြိုဟ်ဆိုးဝင်စီးတတ်သည်။
(ခင်မျိုးချစ်၊ရှေးစကားပုံ၊အပျင်းဖြေနည်း၊နှာ-၁၅၆)

အားလပ်ချိန်ယူခြင်းဟာ အလုပ်လုပ်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်၏။
(ခင်မျိုးချစ်၊အပျင်းဖြေနည်း၊နှာ-၈၁)

အလုပ်တစ်ခုကို ကောင်းမွန်စွာပြီးစီးခြင်းသာလျှင် စိတ်ချမ်းသာမှု အစစ်အမှန်ကိုပေးနိုင်၏။
(ခင်မျိုးချစ်၊ဉာဏ်ကြီးရှင်အဖွဲ့-Brain Trust၊အပျင်းဖြေနည်း၊နှာ-၇၅)

စဉ်းစားဘို့မကောင်းတဲ့ ကိစ္စလေးတွေကို ရေကြီးခွင်ကျယ်စဉ်းစားနေရင် ကိုယ့်ကိုယ်ကို နိမ့်ကျစေတယ်။
(မြသန်းတင့်၊လော့ဒ် ချက်စတာဖီးလ်ဒ်၊လူလေးသို့ ပေးစာများ၊နှာ-၂၁၁)

အသိနှင့် သတိရှိသူသည် အရွယ်၏တန်ဖိုးကို အလေးထားရာ၏။
(ကောင်းသန့်၊ကြီးပွားချမ်းသာ…၊နှာ-၆၀)

ယနေ့၏ တစ်ခဏတာ အချိန်တိုလေးများသည် မနေ့က တစ်နေ့လုံးထက် ပို၍ တန်ဖိုးရှိ၏။
(မောင်ပေါ်ထွန်း၊ဒန်နီယယ် ဒီဖိုး၊ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်၊နှာ-၃၅)

ကမ္ဘာလောကကြီးထဲကို တစ်ခါတည်းပဲဖြတ်လျှောက်ကြရတာ။ ဒါ့ကြောင့် အကောင်ဆုံး အပြောင်မြောက်ဆုံးဖြစ်အောင် လုပ်စမ်းပါ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၃)

ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ ဘ၀ရဲ့စိန်ခေါ်မှုတွေကို လက်မခံ ငြင်းဆန်ခဲ့မိလို့ အခွင့်အရေးမှန်သမျှလွဲရတာ။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၃)

သူတစ်ပါးရဲ့ အမှားတွေက သင်ခန်စာယူပါ။ အဲဒါတွေအားလုံး ကိုယ်တိုင်မှားနေဖို့ သင့်မှာ အချိန်မရှိဘူး။
(ဖေမြင့်၊ကင်းစလေ ၀ါ့ဒ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၁၅၄)

အခုလက်ရှိ ကျွန်တော် ဖြစ်နိုင်ချေရှိခဲ့ ဖြစ်လည်းဖြစ်သင့်ခဲ့တဲ့ ကျွန်တော့်ကို ကြေကွဲစွာ နှုတ်ဆက်ပါ၏။
(ဖေမြင့်၊ဖရီးဒရစ် ဟက်ဘဲလ်၊ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်၊နှာ-၁၇၄)

ဒို့မှာ အလွန်ကြီးမားတဲ့ အကြံအစည်၊ အခွင့်အရေးတွေ ရှိပါရဲ့နဲ့ မလုပ်ဝံ့ရင် တစ်ဘ၀လုံး ဆုံးရှုံးမှာပဲ။
(သက်ဆွေ၊ဆာဘီယာ၊ဓန၊မတ်-၂၀၀၁၊နှာ-၆၀)

အခု ခံစားနေရတဲ့ ခံစားမှု၊စိုးရိမ်မှု၊ကြည်နူးမှုတွေဟာ ဟိုး…အနာဂါတ်တစ်ချိန်မှာ ဘာမှမဟုတ်ပါလားလို့ တွေ့ရလိမ့်မယ်။ ဟိုးအရင်တုန်းက ခံစားခဲ့တဲ့၊စိုးရိမ်ခဲ့တဲ့၊ကြည်နူးခဲ့တဲ့
အရာတွေဟာ အခုအချိန်မှာ ဘာမှမဟုတ်ပါလားလို့ သိခဲ့ရပြီးပြီ။
(အောင်စိုးမိုး)

မိမိကိုယ် မိမိ ရှင်သန်ပျိုးထောင်ဖို့ အချိန်ကလေးမျှလောက်ကိုတော့ မဖြစ်မနေ ယူသင့်တယ်။
(ချစ်ဦးတင်၊ဖိုးဆီးလျန်၊R-D၊August၊2005၊ရနံ့သစ်၊နိုဝင်ဘာ၊၂၀၀၅၊နှာ-၆၆)

No comments: